30 C
Yangon

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ ထပ်တိုးပေးမည်ဟု အမေရိကန် ကြေညာ

Must read

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ ထပ်တိုးပေးမည်ဟု အမေရိကန် ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင် ရာအကူအညီ ဒေါ်လာသန်း ၅၀ ထပ်တိုးပေးမည်ဟု ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့်နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စားနပ်ရိက္ခာပိုမိုရှားပါးလာမှုများက ရှိရင်းစွဲလိုအပ်ချက်များနှင့်ပေါင်း စပ်လျက်ရှိသည့်ဒေသများအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် အမေရိကန်ပြည် ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂက လတ်တလောထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာလို အပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော် – လူသုံးဦးတွင် တစ်ဦးခန့် – သည် ယခု ၂၀၂၃ တွင် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကိုလိုအပ်လျက်ရှိကြောင်း၊ USAID သည် ကုလ သမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့မှုတွင် လစဉ်စားနပ် ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ် ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မြန်မာနိုင်ငံတစ်ဝန်းမှ အကူ အညီ လိုအပ်နေသာ ပြည်သူများအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေးအထောက်အပံ့များပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မြန်မာပြည်သူများအတွက် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်ဆီသို့ ငြိမ်းချမ်းစွာရှေးရှုဆောင်ရွက်နေကြသူများကိုလည်း ချီးကျူးဂုဏ်ပြုအပ် ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article