33 C
Yangon

မြိတ်မြို့နယ်၊ တုံသဗျောကြီးရွာ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

မြိတ်မြို့နယ်၊ တုံသဗျောကြီးရွာ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံသဗျောကြီးရွာ လမ်းဆုံ၌ တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်း ရမိခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် တနင်္သာရီတိုင်း၊ မြိတ် မြို့ နယ်၊ တုံသဗျောကြီးကျေးရွာ လမ်းဆုံ၌ တပ်စွဲထားသော စစ်သား ၂၀ ကျော် ရှိ စစ်တပ် ဂိတ်စခန်းကို ဒေသ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ပြီး တစ်နာရီကျော်လောက် တိုက်ပွဲဖြစ် ပွားခဲ့တယ်။ နောက်သူတို့ဘက်က စစ်ကူလာတော့ မဟာမိတ်တွေက အထိ အခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၁ ကောင်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်။ အခု လက်ရှိလည်း တနင်္သာရီမြို့ကနေ ဗောဓိကမ်းဘက်ကို စစ်ခွေးတွေက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပါတယ်” ဟု ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

တိုက်ခိုက်မှု စစ်ဆင်ရေး ကို ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊SWDF တပ်ဖွဲ့ မြိတ်ခရိုင် တပ်ရင်း၂၊ မြိတ် ပကဖ၊ ကျွန်းစု ပကဖ စသည့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article