33 C
Yangon

မြိတ်၊ ဝက်လက်နှင့် ပခုက္ကူတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

မြိတ်၊ ဝက်လက်နှင့် ပခုက္ကူတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့​ကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို တနင်္သာရီမြို့နယ် မဟာမိတ် တပ်ပေါင်းစု အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွား ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းကျေးရွာမှ ဘန်လောရွာဘက်ကို လ​က်နက်ကြီး‌များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘက်မလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၁ ဦးကျဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပျူစောထီးအဖွဲ့ ရိက္ခာပို့ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံးကြောင်း နတ်တောင်နဂါး ပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်း၌​ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို မခေါက်၊ ဟင်္သာကြီး၊ ဆယ်ပင်ကျွန်း ကျေးရွာများမှ ပျူစောထီးများက ရိက္ခာ လာရောက်ပို့ဆောင်စဥ် မန်ကျည်းသုံးပင်ရွာ အရှေ့ ကလားသန်း ရှိုအရောက်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ပျူစောထီး ၂ ဦးသေဆုံးပြီး ဟင်္သာကြီးရွာမှ ပျူစောထီး ခေါင်းဆောင် မှုံကြီးမှာ ခြေထောက် ထိမှန်ကာ ဖြတ်ထုတ်လိုက်ရကြောင်း၊ ထို့ပြင် ပျူစောထီး အဖွဲ့ဝင် ၁ ဦးလည်း ညာပေါင်သို့ ထိမှန်ကာ ကျောက်မြောင်းရွာသို့ ပြန်လည် သယ်ဆောင် သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ (ဝက်လက်)၊ နတ်တောင်နဂါး ပျောက်ကျားတပ်ဖွဲ့၊ လျှပ်စီးပျောက်ကျားတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PPDF တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့နယ် အနောက် ဘုန်းကံကျေးရွာ၌ တပ်စွဲထားသော စစ်တပ်ကို မဟာမိတ် တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲသည် မိနစ် အနည်းငယ် ခန့်ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PKU People Defence Force (PPDF)၊ PKU Ranger၊ YoungForceUG လက်နက်ကြီး လက်နက်ငယ် တပ်ဖွဲ့၊ ပခုက္ကူမြို့နယ် ပကဖနှင့် ဒေသတော်လှန်ရေး တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article