29 C
Yangon

မြိုင်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ထိန်လင်း နေအိမ်တွင် ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံး၊ ကျောက်တံခါးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ကျော်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြိုင်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ထိန်လင်း နေအိမ်တွင် ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံး၊ ကျောက်တံခါးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ကျော်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီး‌ ခေါင်းဆောင် ထိန်းလင်း၏ နေအိမ်ကို ပစ်မှတ်ထား ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၁ မှ ဗိုလ်မိုက်ခဲ တပ်ဖွဲ့က မြိုင်မြို့နယ် ၊ အနောက်ပိုင်း ပျူစောထီးခေါင်းဆောင် ထိန်းလင်း၏ နေအိမ်ကို လွန်ခဲ့သော ၂ ရက်ခန့်က ပစ်မှတ်ထား ထောင်ထားခဲ့သော မိုင်း ပေါက်ကွဲခဲ့ကြောင်း ၊စစ်တပ်နှင့်ပျူစောထီးများက ကျန် ရှိသော မိုင်းများလာရောက်ရှင်းလင်းစဉ် မိုင်းထပ်မံ ပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ ကျန် စစ်သား၁ ဦးနှင့် ပျူစောထီး ၁ ဦးမှာ ပြင်းထန်ဒဏ် ရာ ရရှိကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ကျောက်တံခါးမြိုနယ်၊ ကညင်ကျိုးကျေးရွာ တာလမ်းမပေါ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ကျော်ဦးကို ပစ်ခတ်ရာ သေဆုံးသွား ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် ကျောက်တံခါးမြို့နယ် ပကဖက နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့‌ခြင်းဖြစ်ပြီး ‌နေရာ၌ပင် သေဆုံးသွားကြောင်း၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ကျော်ဦးသည် ပြည်သူ့စစ် အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ အကြမ်းဖက် စစ် ကောင်စီ၏ အမှတ်(၃၀၇) ခြေမြန်တပ်ရင်း၌ တက်ရောက်ခဲ့ကာ ကညင်ကျိုးကျေးရွာ၌ ပျူစောထီး ခေါင်းဆောင်ဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

ပျုစောထီးကျော်ဦးသည် တော်လှန်ရေးတပ်ဖွဲများ၏ လှုပ်ရှားသွားလာမှုများကို အကြမ်းဖက်စစ်ကောင်စီထံ သတင်း ပေးပိုခြင်း၊ ကျေးရွာအတွင်း တော်လှန်သောပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးရန် စေခိုင်းခြင်း၊ စစ်ကောင်စီက ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲ ကျင်းပ‌နိုင်ရေးအတွက် တက်ကြွစွာပါဝင် လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကျောက်တံခါးမြို့နယ်မှ ပျူစောထီးခေါင်းဆောင် ကျော်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article