32 C
Yangon

မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်

Must read

မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို အကြမ်းဖက် စစ်တပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁ စီးက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နွားတစ်ကောင်သေဆုံးကာ အဆောက်အဦး တချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

” အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ Mi 35 ရဟတ်ယာဥ်နဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်တာပါ။ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ နွား ၁ ကောင်တော့ သေဆုံးသွားတယ်” ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

စစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဥ်က မန်ကျည်းကန်ကျေးရွာကို ပစ်ခတ်ပြီးနောက် မြိုင်မြို့နယ် အနောက် မြောက်ဘက် မန်ကျည်းကန်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားသို့ စက်လက်များ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article