34 C
Yangon

မြိုင်မြို့အနီးတွင် စစ်သား ၅ ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

Must read

မြိုင်မြို့အနီးတွင် စစ်သား ၅ ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း၊ မြိုင်မြို့အနီးတွင် ကင်းလှည့်ထွက်လာသော စစ်သား ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ် အချိန် မြိုင်မြို့အနောက်ဘက် တစ်ဖာလုံခန့်အကွာ သို့ ကင်းလှည့် ထွက်လာသော စစ်သား ၄ ဦး၊ ပျူစောထီးတစ်ဦးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့၊ တပ်ခွဲ ၄ တပ်ဖွဲ့ဝင်များက မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးနေရာမှာပင်လဲကျ သွားပြီး ၂ ဦးမှာ မြို့ထဲသို့ ပြန်​ပြေးဝင်သွားကြောင်း သိရသည်။

ထို့နေက် ထိခိုက်ဒဏ်ရာရရှိပြီး လဲကျနေသော အကြမ်းဖက်စစ်သား ၃ ဦးကို မြိုင်မြို့အတွင်းမှ စစ်သား အများအပြားဖြင့် လာရောက်သယ်ဆောင်သွားပြီး သွေးအိုင်များကို မန်ကျည်းရွက်များဖြင့် ဖုံးအုပ်ထားခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရ စစ်သား ၃ ဦးမှာသေဆုံးသွားကြောင်း၊ အကြမ်းဖက်စစ်သားများသည် အကြောက်လွန်ပြီး မိုင်းထိနေရာအနီးရှိ မကျည်ပင်ချုံပုတ်ကိုပင် စက်သေနတ်ဖြင့် တရစပ်ပစ်ခတ်သွား ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article