36 C
Yangon

မြိုင်၊ ပခုက္ကူနှင့် ပေါက်မြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မြိုင်၊ ပခုက္ကူနှင့် ပေါက်မြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်ဖေဖော်ဝါရီ ၂၀

မကွေးတိုင်း၊ မြိုင်၊ ပခုက္ကူနှင့် ပေါက်မြို့နယ်တို့တွင် ၂ ရက်ဆက် တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင် ပျူစောထီးရွာကို စစ်ကူလာသော အင်အား ၂၅ ဦးခန့်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့များကအုန်တောရွာ တောင်စုနှင့် မြောက်စုရွာ အကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၇ ဦးထက်မနည်း ကျည်ထိမှန်ကာ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ချိန်ခန့်မှ စတင်ကာ ကျောက်ခွက်ကျေးရွာအနီး အကြမ်းဖက် စစ်တပ် Well-2 စခန်းကို ဒေသခံ ကာကွယ်ရေး အဖွဲ့များက လက်နက်ကြီးများဖြင့် အချက်ရေ ၁၀၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း စစ်သားနှင့် ရဲများ ပုန်းအောင်းခဲ့သည့် ဘန်ကာများ အနီး လက်နက်ကြီး ကျည် ဆန်များ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ကိုင်းတောမရွာ၊ တွင်းမရွာ သရက်ကန်ရွာ၊ ဝင်ပုတ် ပျူစောထီးရွာများအား လက်နက်ကြီး များဖြင့် အကြိမ်ပေါင်း ရာနှင့်ချီကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သရက်ကန်ပျူရွာမှ ပျူစောထီး ၂ ဦး လက် နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်ရှိ စစ်သားနှင့် ပျူစောထီးများကို ပကဖ အဖွဲ့များမှ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ နေထိုင်သည့် အ.ထ.က ၂ ကျောင်းဝန်းအတွင်းနှင့် မြိုင်မြို့ အရှေ့ဘက် ဂိတ် အနီးနား တစ်ဝိုက်သို့ ကျရောက် ပေါက်ကွဲခဲ့​ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံကျေး ရွာရှိ အကြမ်းဖက် စစ်သားများကို ပခုက္ကူမြို့နယ် ကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ် အလုံး ၈၀ ကျော်ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကာ ကွယ် ရေးအဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၅ ခန့်အချိန် ယာကြီးပင်ပျူစောထီးရွာမှ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းကာ အုန်းတောရွာသို့ စစ်ကြောင်းထိုးလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦး ကျည်ထိမှန်ခဲ့​ပြီး အဆိုပါ တိုက်ခိုက်မှုကို ပေါက်ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ နှင့် မြိုင် ပကဖ ရင်း ၁ တို့ ပူပေါင်း ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုနေ့ နံနက် ၆ နာရီ ၁၃ မိနစ်တွင် ပေါက်မြို့နယ် တပေါက်ကုန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး အဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်သားများ ထိခိုက် သေဆုံးမှုရှိပြီး အရေအတွက် အတည်မပြုနိုင်သေး​ကြောင်း၊ ယင်း တိုက်ခိုက်မှုကို မြိုင်ကာကွယ်ရေး အဖွဲ့များနှင့် ပေါက်ကာကွယ်ရေး အဖွဲ့များ မဟာမိတ်အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဇီးပြားရဲစခန်း အနောက်ဘက် သရော်ကိုင်းပျူစောထီး ကျေးရွာမှ စစ်သားနှင့် ပျူစောထီးများသည် တောတောင်တွင် နွားကျောင်းနေသည့် ရွာသူ၊ ရွာသားများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး နွားများကို သတ်ဖြတ်စားသောက်ခြင်း လုပ်ဆောင်နေခြင်းကြောင့် မြိုင် ပကဖ ရင်း ၁ တပ်စိတ် ၂ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကင်းပုန်းဝပ် စောင့်ဆိုင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားနှင့် ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့​ကြောင်း မြိုင် ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်မှု မြင်ကွင်း။

Photo- မြိုင်ပကဖ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article