31 C
Yangon

မြောင်နှင့် မြင်းမူတွင် စစ်ကားနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မြောင်နှင့် မြင်းမူတွင် စစ်ကားနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာကို မီးရှို့ပြီး ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာကို မီးရှို့ပြီး ညအိမ်တပ်စွဲထားကာ ပြန်လည် ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ဒီနေ့ နံနက် ၇ နာရီ ကျော်မှာ ဂျပန်ကျွန်းရွာကို မီးရှို့ ညအိပ်တပ်စွဲပြီး ထွက်လာတဲ့ စစ်ခွေးတွေကို ရွာအနီးအနားမှာ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်တာ ၄ ဦးထက်မနည်း သေဆုံးတယ်” ဟု ဒေသခံကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော MRA နှင့် MAUNG YOE အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် စစ်ကိုင်း-မြင်းမူလမ်းပိုင်း နဘဲကြူးဇရပ်အနီး တွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Revolution Force ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီမိနစ် ၂၀ ခန့်က စစ်ကို်ငးမြို့ တပ်မ ၃၃ မှ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ စစ်တပ်ယာယီစခန်းကို အင်အားဖြင့်ရန် လာသော စစ်ကားနှစ်စီးကို မိုင်း ၁၁ လုံး ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force (MNRF) ၊ Pentagram ငါးထောင့်ကြယ်နှင့် ကျောက်ဆည် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေတးပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာအနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရသည့် နေရာနှင့် စစ်သားများ ထွက်ပြေးစဥ် ကျန်ရှိခဲ့သည့် ဗုံးသီး ၂ လုံး

dav
dav
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article