27 C
Yangon

မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၀၀ ကျော်ပြာကျ

Must read

မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် အစောပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်မှ မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

” ပြည်သူတွေကတော့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့လို့ ထိခိုက်တာတော့ မရှိပါဘူး။ စစ်ခွေးတွေကတော့ ရွာမှာ ဘာမှ မကျန်အောင်ကို မီးရှို့ဖျက်ဆီးသွားတာ နေအိမ် ၁၀၀ ကျော်ပြာကျသွားတယ်။ မီးစက်တွေ ရေတင်စက်တွေ ဘာတစ်ခုမှ မကျန်အောင်ကို ဖျက်ဆီးသွာကျတယ်။ ပြည်သူတွေကတော့ မျက်ရည်နဲ့ မျက်ခွက်ပဲ အကုန်လုံးဒုက္ခရောက်နေကျတယ်။ အခု အခြေအနေက ဘဝ ရပ်တည်ရေးအတွက်ပါ ခက်ခဲသွားကျပြီ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် မြောင်မြို့နယ်၊ ဂျပန်ကျွန်းရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

dav
sdr
sdr
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article