28 C
Yangon

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးက YGF တပ်ဖွဲ့ထံ ကျည်ဆံ၊ ပစ္စတို ၂ လက်နှင့် လက်ပစ်ဗုံးများ လာရောက် အပ်နှံ

Must read

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးက YGF တပ်ဖွဲ့ထံ ကျည်ဆံ၊ ပစ္စတို ၂ လက်နှင့် လက်ပစ်ဗုံးများ လာရောက် အပ်နှံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးက YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျည်ဆံ၊ ပစ္စတိုနှင့် လက်ပစ်ဗုံးများ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

လာရောက် အပ်နှံသည့် ပစ္စည်းများမှာ ၁၆ ကျည် ၆၉ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ၄၅ ကျည် ၂၇ တောင့်၊ ၉ မမ ကျည် ၃ တောင့်၊ နာတိုကျည် ၅၀ တောင့်၊ စက်လက် ၁၇ တောင့်၊ ၉ လုံးကျည် ၇ တောင့်၊ ပွိုင့် ၂၂ ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ကျည်ခွံ ၆ ခု၊ကျည်ဖူး ၁ ခုနှင့် ပစ္စတို ၂ လက်တို့ကို လက်ရောက် အပ်နှံခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article