25 C
Yangon

ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်တပ်က ယခုည ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ

Must read

ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်တပ်က ယခုည ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ကုန်းရွာကျေးရွာကို စစ်တပ်က ယနေ့ ညအချိန် ညလုံးကျွတ် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့ ည ၇ နာရီကျော်အချိန်မှ စတင်၍ စစ်တပ်က စတင် မီးရှို့နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ ပြည်သူများနေထိုင်သော နေအိမ်မများနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာက အိမ်တွေ အကုန်လောင်နေတယ်။ မီးတောက်ကြီးကတော့ အဝေးကနေမြင်နေရတာ အကြီးကြီးပဲ။ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို စစ်ခွေးတွေက ရွာကို ရှို့ကြတာ။ ပြည်သူတွေကို ဒုက္ခသက်သက်ပေးတာ။ မီးလောင်တဲ့ အိမ်အရေအတွက်ကတော့အတိကျမပြောနိုင်သေဘူး။ အခု မီးလောင်နေတာကို ကနဦးသတင်းပို့ပေးတာ” ဟု ဒေသကာကွယ်ရေးတပ် မှ ဗိုလ်သူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်တပ်က ယင်းမာပင်မြို့နယ်၊ တာဝရွာတပ်စွဲခဲ့ပြီးနောက် PDFရဲဘော်သုံးဦးကို ဖမ်းဆီးကာ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျန် ရဲဘော် ၁ ဦးမှာမူ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article