28 C
Yangon

ယင်းမာပင်မြို့နယ်၊ တာ၀ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးရှို့နေ၊ စစ်တပ်၏ ပစ်ခတ်မှု ကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

Must read

ယင်းမာပင်မြို့နယ်၊ တာ၀ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးရှို့နေ၊ စစ်တပ်၏ ပစ်ခတ်မှု ကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ တာ၀ကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က သေနတ်များ ပစ်ဖောက်၍ မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ အင်အား ၁၀၀ ပါသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး အထက်ငါးနန်းကျေးရွာအတွင်းသို့ သေနတ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင်း အထက် ငါးနန်းကျေးရွာမှ ပြည်သူ အမျိုးသမီး ၁ ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညပိုင်းတွင် မောက်လုပ်ကျေးရွာတွင် ညအိပ်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တာ၀ကျေးရွာသို့ စစ်တပ်က ပစ်ခတ်ဝင်ရောက်လာပြီး ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဒီမနက် တာဝရွာကို စစ်ခွေးတွေက သေနတ် ပစ်ဖောက်ပြီး မီးတွေရှို့နေကြပြီ။ ပြည်သူတွေ အကုန် ရှောင်နေရကြပါတယ်။ မနေ့က နံနက် ၁၁ နာရီလောက်မှာ စစ်တပ်က ရွာထဲကိုဝင်ပြီး စာသင်ကျောင်းမှာ ညအိပ်တာလို့ သိရပါတယ်။ တိုက်ပွဲဖြစ်တာမရှိပေမယ့် ရွာအနောက်ဘက်မှာ PDF စခန်းတစ်ခုရှိတယ်ဆိုပြီး မီးရှို့တယ်။ အခုတော့ ရွာကို မီးရှို့နေတာ။ ပြည်သူတွေ အဖမ်းခံရတာရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တာ၀ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ကျေးရွာဖြစ်ပြီး ကျေးရွာမှ ပြည်သူ အနည်းဆုံး ၅၀၀၀ နီးပါးမှာလည်း ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်တပ်က ကျေးရွာအတွင်းမှ တန်ဖိုးရှိသော ပစ္စည်းများကိုလည်း ခိုးယူ လုယက်မှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း ရွှေဘိုမြို့နယ်တွင် စစ်တပ်၏ မီးတင်ရှို့မှုခံခဲ့ရသော တင့်တယ် ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article