36 C
Yangon

ယင်းမာပင်၊ ကျောက်ကုန်းရွာသို့ စစ်ကြောင်း ဝင်ရောက်လာစဉ် ထွက်မပြေးဘဲ ရွာတွင် နေခဲ့သည့် ကြံ့ခိုင်ရေး စည်းရုံးရေးမှူး မြင့်ဆွေကို စစ်တပ်က သတ် ဖြတ်

Must read

ယင်းမာပင်၊ ကျောက်ကုန်းရွာသို့ စစ်ကြောင်း ဝင်ရောက်လာစဉ် ထွက်မပြေးဘဲ ရွာတွင် နေခဲ့သည့် ကြံ့ခိုင်ရေး စည်းရုံးရေးမှူး မြင့်ဆွေကို စစ်တပ်က သတ် ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်အုပ်စု၊ ကျောက်ကုန်းရွာသို့ စစ်တပ် ဝင်ရောက်လာချိန် ထွက်မပြေးဘဲ ကျေးရွာတွင် နေထိုင် ကျန်ရစ်ခဲ့သည့် အသက် ၄၈ နှစ်အရွယ် ကြံ့ခိုင်ရေးပါတီ၏ ကျေးရွာ စည်းရုံးရေး မှူး မြင့်ဆွေကို စစ်တပ်က ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းတွင် ကျောက်မှော်အုပ်စုအတွင်းရှိ ကျေးရွာ ၇ ရွာ ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း၊ ယင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စဉ် ကျန်ရွာသူရွာသာများမှာ ထွက်ပြေး တိမ်း ရှောင်ခဲ့သော်လည်း ကျေးရွာ၏ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးဖြစ်သူ အသက် ၄၈ နှစ်အရွယ် မြင့်ဆွေမှာ ရွာမှ ထွက်ပြေးခြင်းမရှိဘဲ ကျန်ရှိနေခဲ့ကြောင်း၊ စစ်တပ်က မြင့်ဆွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက်နှိပ်စက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက သူ့လူကိုယ့်လူမခွဲခြားတော့ဘူး၊ အခုအသတ်ခံရတဲ့သူက ၂၀၂၀ ရွေးကောက်ပွဲတုန်းက အိမ်မှာ ကြံ့ခိုင်ပါတီအလံထောင်ပြီး စည်းရုံးပေးခဲ့တဲ့သူ၊ ထွက်မပြေးဘဲ ကျန်နေခဲ့ရင်း အသတ်ခံရတာ” ဟု ဒေသခံပြည်သူကတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူ မြင့်ဆွေသည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော် အုပ်စု၊ ကျောင်းကုန်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အလံဆိုင်းဘုတ်ကို ၎င်း၏နေအိမ်တွင်ထောင်ကာ စည်းရုံးရေးမှူးလုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ၊ စစ် တပ်က ကျေးရွာမှ ပြန်လည်ထွက်သွားချိန်တွင် ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်ခံထားရသည့် ရုပ်အ လောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article