38 C
Yangon

ယင်းမာပင်၊ ဘန့်ဘွေးရွာရှိ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီ

Must read

ယင်းမာပင်၊ ဘန့်ဘွေးရွာရှိ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များ ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗိုလ်ထွန်းတောက်-BTT LPDF အဖွဲ့က ပြောဆိုထားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘန့်ဘွေးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာ အနီးအနားရှိ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်အား ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အကြောင်းအရင်း အမျိုးမျိုးကြောင့် မိုင်းဆွဲ တိုက်ခိုက်မှု မပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့် ပြည့်သူ့ ကာကွယ်ရေး တပ်ဖွဲ့ BTT LPDF အပေါ် အပြစ်တင် ဝေဖန်မှုများစွာ ရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု မပြုလုပ်ရသည့် အကြောင်းအရင်းမှာ ပြည်သူလူထုအပေါင်း၏ ပြောကြားချက်များကြောင့် ပြင်ဆင်မှုပြုလုပ်ရာတွင် နှောင့်နှေး ခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို အနည်းနှင့် အများမကန့်ကွက်ကြပါရန် ဗိုလ်ထွန်းတောက်-BTT LPDF အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article