31 C
Yangon

ယင်းမာပင်-ဆားလင်းကြီးနယ်စပ်၊ ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

Must read

ယင်းမာပင်-ဆားလင်းကြီးနယ်စပ်၊ ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့် ယင်းမာပင် မြို့နယ်အစပ်၊ ကျောက်မျက်တောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့​ကြောင်း မြောက်ယမား PDF တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျောက်မျက်တော်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းငယ်ကို ဒေသခံစုပေါင်း ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ပြီး ၂ နာရီ ကျော်ကြာထိတွေ့တိုက်ပွဲပြင်းထန်းခဲ့ပြီး အကြမ်းဖက် စစ်တပ် စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းငယ်မှ လက်နက် တချို့၊ နင်းမိုင်းများ၊ လက်ပစ်ဗုံးများစွာ သိမ်းဆည်းရမိခဲ့ပြီး စစ်သားများ အထိအခိုက် အကျအဆုံးများစွာဖြင့် စခန်းငယ်မှ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article