33 C
Yangon

ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် တတိယနေ့အဖြစ် ဆိုင်ခန်းများ၊ လူနေအိမ် များ ဖျက်ဆီးခံနေရ ၊ အမှတ် ၉၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရ

Must read

ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် တတိယနေ့အဖြစ် ဆိုင်ခန်းများ၊ လူနေအိမ် များ ဖျက်ဆီးခံနေရ ၊ အမှတ် ၉၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် ရာအိမ်မှူး ၂ ဦး သေဆုံးစေခဲ့သော အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး နောက် ရပ်ကွက်စျေး ကို စစ်တပ်နှင့်လူမိုက် များက တတိ ယ နေ့ အဖြစ် ထပ်မံ ဖျက်ဆီး နေကြောင်း ဒေသပြည်သူများက ပြော သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာ ၁၄ လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်း ဝင်းတို့ သေဆုံးခဲ့ကြောင်း၊ ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်၍ ယနေ့အထိ လူနေအိမ်များ၊ ဆိုင်ခန်းများကို စစ်တပ်နှင့် လူမိုက် များက ဖျက်ဆီးနေကြောင်း သိရှိရသည်။

“လူမိုက်တွေ ဓားကိုင်တဲ့ကောင်တွေကအကုန်ဖျက်နေကြတယ်။ ပြီးရင် ဘူဒိုဇာတွေနဲ့ပါထိုးဖို့လုပ်နေတာ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ယနေ့အချိန်အထိ စစ်တပ်နှင့်လူမိုက်များက မတရား ခြိမ်းခြောက်မှုကြောင့် ဖျက်သိမ်းနေရသည့် ဆိုင်ခန်းများမှာ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်ကဲ့သို့ ဆိုင်ခန်းကြီးများအပါအဝင် ပျှမ်းမျှ ၂၀၀ ကျော်ရှိကြောင်း၊ ယုဇန ဥယျာဉ် မြို့တော်အိမ်ရာ A ဘလောက်နှင့် B ဘလောက် အကြား စျေးတန်းပါ ဖျက်ပေးနေရကြောင်း သိရှိရသည်။

“ရှိသမျှ အခြေခံလူတန်းစားတွေ စားဝတ်နေရေးအတွက်လုပ်နေတာတွေ အကုန် ဖျက်ခံရတော့ ယုဇန Group တွေမှာ ပွက်လောရိုက်နေတာပဲ။ ပြီးတော့ ဆိုင်ခန်းတွေမှာ နေကြတဲ့လူတွေက နေစရာမရှိတော့ အိမ်တွေငှားကြတယ် အိမ်ရှင်တွေကလည်း ဈေးတွေမတန်တဆတောင်းတယ်” ဟု ရပ်ကွက် နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

အိမ်ရာအတွင်း အုတ်နှင့် အခိုင်အမာဆောက်ထားသည့် ဆိုင်ခန်းများမှာ တံခါး နှင့် သွပ်၊ သံတိုင် စသည်တို့သာ ဖြုတ်ယူနေရပြီး ကျန်ရှိ အဆောက် အအုံများ ကို စည်ပင်က ဘူဒိုဇာဖြင့် ဖြိုချနေကြောင်းနှင့် ယုဇနဥယျာဉ်အတွင်း လက်တွန်း လှည်းနှင့် ဈေးသည်များကို စျေးရောင်းချခွင့်ပါ ပိတ်ပင်လိုက် ကြောင်း သိရှိရသည်။

အဆိုပါ ဆိုင်ခန်းများ ဖျက်သိမ်းခံရသည့်အတွက် အိမ်ထောင်စုပေါင်း ၂၀၀ ကျော် နေစရာမရှိဖြစ်နေရပြီး အနီးအနားရှိ အိမ်များကို ငှားရမ်းရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဆိုင်ခန်းဖျက် သိမ်းခံရသူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင်လည်း အမှတ် ၉၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

ယုဇနဥယျာဉ်မြို့တော်၊ အမှတ် ၉၄ ရပ်ကွက်ရုံးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ပြီး ရာအိမ် မှူး မြင့်ဝေ၊ ရာအိမ်မှူး ဖြိုးကိုကိုမောင် ၊ ရာအိမ်မှူး မခင်ဆွေဝင်း၊ ရာအိမ်မှူး အောင်ဝင်း စုစုပေါင်း ၄ ဦး သေ နတ် မှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရာအိမ်မှူး အောင် ဝင်းမှာ ခေါင်းတွင် ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article