31.9 C
Yangon

ယုဇနဥယျာဉ် မြို့တော်အိမ်ရာတွင် ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့သော အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်စျေးကို စစ်တပ်နှင့်လူမိုက်များက ဖျက်ဆီ

Must read

ယုဇနဥယျာဉ် မြို့တော်အိမ်ရာတွင် ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့သော အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်စျေးကို စစ်တပ်နှင့်လူမိုက်များက ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာတွင် ရာအိမ်မှူး ၂ ဦး သေဆုံးစေခဲ့သော အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်စျေးကို စစ်တပ်နှင့်လူမိုက်များက ဖျက်ဆီး နေကြောင်း ဒေသပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာ ၁၄ လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အမှတ် ၉၄ ရပ်ကွက်စျေးကို ဖျက်သိမ်းရန် စစ်ကားများနှင့် လူမိုက်များ ရောက်ရှိ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ယုဇန ၉၄ ရပ်ကွက်ဈေးထဲကို စစ်ကား ဝင်လားပြီး ဒီနေ့ ၁၂ နာရီမကျော်ခင် စျေးဖျက်ပေးဖို့ ခြိမ်းခြောက်တယ်။ မဖျက်ပေးရင် ပစ်သတ်မယ်ဆိုပြီး ပြောသွားတယ်။ ၈၈ ရပ်ကွက်၊ ၈၇ ရပ်ကွက်မှ လူမိုက်တွေ ဓားရှည်တွေ လွယ်၍ ဈေး သည်တွေကို ကြိမ်းမောင်းဆဲဆိုသွားတယ်။ စျေးသူ စျေးသားတွေရုန်းရင်း ဆန်ခတ်ပေါ့။ ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးမှာ လူမိုက်နဲ့စစ်ခွေးတွေစုပြီး ဖျက်ဆီးဖို့ လုပ်နေကြတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကို ယမန်နေ့ သေနတ်၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက် ပစ်ခတ်ရာ အမှတ် ၉၄ ရပ်ကွက် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်း ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ် မြောက်သွားခဲ့ကြောင်း သိရှိရသည်။

ရပ်ကွက်ရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးပြီး ၊ ရာအိမ်မှူး မြင့်ဝေ၊ ရာအိမ်မှူး ဖြိုးကိုကိုမောင် ၊ ရာအိမ်မှူး မခင်ဆွေဝင်း၊ ရာအိမ်မှူး အောင်ဝင်း စုစုပေါင်း ၄ ဦး သေ နတ် မှန်ဒဏ်ရာရရှိကြောင်း၊ ရာအိမ်မှူး အောင်ဝင်းမှာ ခေါင်းတွင် ကျည်ထိမှန်ထား၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမှတ် ၉၄ ရပ်ကွက် စျေးမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article