28 C
Yangon

ရန်ကုန်တိုင်း၊ အင်းစိန်နှင့်မြောက်ဒဂုံတွင် ယနေ့ည ဗုံးများပေါက်ကွဲ၊ တောင်ဒဂုံတွင် ကြံ့ဖွတ်အမာခံနှင့် ရွေးကောက်ပွဲ အတွက််မဲစာရင်း ဦးဆောင်ကောက်သူ ရာအိမ်မှူး ပစ်ခတ်ခံရ

Must read

ရန်ကုန်တိုင်း၊ အင်းစိန်နှင့်မြောက်ဒဂုံတွင် ယနေ့ည ဗုံးများပေါက်ကွဲ၊ တောင်ဒဂုံတွင် ကြံ့ဖွတ်အမာခံနှင့် ရွေးကောက်ပွဲ အတွက််မဲစာရင်း ဦးဆောင်ကောက်သူ ရာအိမ်မှူး ပစ်ခတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်း၊ အင်းစိန်နှင့်မြောက်ဒဂုံမြို့နယ်တို့တွင် ယနေ့ ညပိုင်း ဗုံးများပေါက်ကွဲကြောင်း ရန်ကုန်မြို့ နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်အချိန် အင်းစိန်ပန်းခြံအနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲပြီး အသံကျယ်လောင်ကာ ပေါက်ကွဲအားပြင်းထန်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဒီည ၈ နာရီ ၂၃ မိနစ်အချိန် အင်းစိန် ပန်းခြံဘက်မှာ အုန်း ဆိုတဲ့အသံနဲ့ ဗုံးပေါက်တာ။ အသံကလည်း အရမ်းကျယ်တဲ့အပြင် အိမ်တွေပါတုန်သွားတယ်” ဟု အင်းစိန်ပန်းခြံအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ ၁၆ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပေါက်ကွဲသံ တစ်ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများက ဆိုသည်။

“ည ၈ နာရီကျော်ရင် အတော်များများက အပြင်မထွက်ကြတော့ ပေါက်ကွဲသံတော့ကြားမိတယ်။ ဘယ်နေရာပေါက်လဲ ဘာလဲ ညာလဲဆိုတာတော့ မစပ်စုတော့ဘူး။ ဗုံးပေါက်သံကတော့ နားယဉ်နေပြီ” ဟု မြောက်ဒဂုံ ၇/၈ လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ ညနေပိုင်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၂၂ရပ်ကွက်၊ မြတ်လေး ၈ လမ်းထိပ်တွင် ကြံ့ဖွတ်အမာခံနှင့် ရွေးကောက်ပွဲ အတွက််မဲစာရင်း ဦးဆောင်ကောက်သူ ရာအိမ်မှူး ဟန်စိုးထွန်း ပစ်ခတ်ခံရကြောင်း သိရှိရသည်။

“ညနေ ရာအိမ်မှူး အပစ်ခံရလို့ဆိုပြီး ခွေးတွေတော့ ရှုပ်ယှက်ခတ်နေတာပဲ။ တောင်ဒဂုံဘက်မှာ စစ်ဆေးတာတွေရှိတယ်။ သေသလား ရှင်သလားမသိပါဘူး။ အပစ်ခံရတာနဲ့ သေနတ်သံကြားရတာတော့ဟုတ်ပါတယ်” ဟု တောင်ဒဂုံမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၀ ကိုဗစ်ကာလ ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article