36 C
Yangon

ရန်ကုန်တွင် အာဏာသိမ်းမှု ၂ နှစ်ပြည့် စစ်တပ်ထောက်ခံပွဲအတွက် မိုက်ကယ်ကျော်မြင့် ဦးဆောင်သော အဖွဲ့က ရန်ကုန်မြို့လယ် ခန်းမ စုရပ်သို့ လမ်းလျှောက်လာ၊ ရာဂဏန်းမပြည့်သော လူစုကို လုံခြုံရေးအထပ်ထပ်ဖြင့် လာရ

Must read

ရန်ကုန်တွင် အာဏာသိမ်းမှု ၂ နှစ်ပြည့် စစ်တပ်ထောက်ခံပွဲအတွက် မိုက်ကယ်ကျော်မြင့် ဦးဆောင်သော အဖွဲ့က ရန်ကုန်မြို့လယ် ခန်းမ စုရပ်သို့ လမ်းလျှောက်လာ၊ ရာဂဏန်းမပြည့်သော လူစုကို လုံခြုံရေးအထပ်ထပ်ဖြင့် လာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တွင် အာဏာသိမ်းမှု ၂ နှစ်ပြည့်ကို ကြိုဆိုသော စစ်တပ်ထောက်ခံပွဲအတွက် မိုက်ကယ်ကျော်မြင့် ဦးဆောင်သော အဖွဲ့က ရန်ကုန်မြို့လယ် ခန်းမသို့ လမ်းလျှေက်လာကြကြောင်း ရန်ကုန်မြို့ခံတချို့က ပြောသည်။

“ဘေးနားမှာလည်း ရဲကား၊ စစ်ကားတွေ နောက်လိုက်တယ်။ လူကတော့ ရာဂဏန်းတောင်မရှိဘူး။ ယောက်လမ်းဘက်ကနေ ချီတက်လာတာ။ လမ်းကရှင်းနေတော့ သူတို့ချည်းပဲ ထီးထီးကြီး။ ကားမရှိ လူမရှိဆိုတော့။ အခုတော့ မြို့တော်ခန်းမဘက်မှာ လူစုနေကြပြီ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံကြိုဆိုပွဲများကို ပြုလုပ်နေကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ၊ ပျူစောထီး(ခေါ်) ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မဘသနှင့် အမျိုးသားရေး အဖွဲ့ များက မြို့နယ် ထွေ/အုပ်ရုံးများတွင် စုစည်းကြမည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း ကားများဖြင့် ရန်ကုန်မြို့အနှံ့ မြို့နယ်များ အလိုက် နေရာများခွဲ၍ လှည့်လည်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article