36 C
Yangon

ရန်ကုန်မြို့တော်၏ အသံတိတ်သပိတ် မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်တွင် ယာဉ်နှင့်လူ အသွားအလာ မရှိသလောက် နည်းပါးသွားပြီး စစ်အာဏာရှင် တော်လှန် ရေး ပြည်သူ ပါဝင်မှု ရာနှုန်းပြည့် အောင်မြင်ဟုဆို

Must read

ရန်ကုန်မြို့တော်၏ အသံတိတ်သပိတ် မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်တွင် ယာဉ်နှင့်လူ အသွားအလာ မရှိသလောက် နည်းပါးသွားပြီး စစ်အာဏာရှင် တော်လှန် ရေး ပြည်သူ ပါဝင်မှု ရာနှုန်းပြည့် အောင်မြင်ဟုဆို

▪️ ရန်ကုန်မြို့ပြည်သူများအားလုံး တက်ကြွစွာ စစ်တပ်ကို ဆန့်ကျင်နေကြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့၏ လမ်းမကြီးများအားလုံးတွင် အသံတိတ်သပိတ်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ယာဉ်အသွားအလာ မရှိသလောက် နည်းပါးသွားပြီး အသံတိတ် သပိတ်တွင် ပြည်သူ အားလုံးပါဝင်နေကြပြီဖြစ်သည်။

စစ်အာဏာရှင် တော်လှန်ရေးအတွက် ရန်ကုန်ပြည်သူများက တက်ကြွစွာ ပါဝင်သဖြင့် ရန်ကုန်မြို့၏ လမ်းမများတွင်သာမက လမ်းကြို လမ်းကြားမှစ၍ လူသူ မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

စစ်ကောင်စီက YBS ဘတ်စ်ကားကြီးများကို ခရီးသည်မပါဘဲ ၃ မိနစ် တစ်ကြိမ် လမ်းများပေါ်တွင် လှည့်ပတ်ပြေးဆွဲခိုင်းနေသည်ကို မြင်တွေ့ရသည်။

ရန်ကုန်တွင် အသံတိတ် သပိတ်ကြောင့် ယာဉ်အသွားအလာမရှိတော့၍ Google Live Traffic Map က လမ်းအားလုံးကို ယာဉ်ကြော ရှင်းလင်းသည့် အစိမ်းရောင် ပြသထားသည်။

အင်းစိန်ဆေးရုံမှ ရန်ကုန်မြို့တော်ခန်းမအထိ ကားမောင်းရန် မိနစ် ၃၁ သာကြာမည်ဟု ပြသပြီး ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ သံသုမာ၊ ဝေယန္တရာလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း အပါအဝင် လမ်းများ အားလုံး ယာဉ်ကြော ရှင်းလင်းနေပြီး Traffic ပြ မြေပုံတွင် ယာဉ်ကြောရှင်းလင်း သည့် အစိမ်းရောင်သင်္ကေတကို ပြသထားသည်။

အင်းစိန်ဆေးရုံမှ ရန်ကုန်မြို့တော်ခန်းအထိ ပုံမှန်အားဖြင့် ယာဉ်ကြောပိတ်ဆို့မှု ကြောင့် ၂ နာရီနီးပါး စီးရသော ခရီးသည် လက်ရှိတွင် ယာဉ်ကြောပိတ်ဆို့မှုမရှိ ၍ နာရီဝက်အတွင်း ရောက်ရှိမည်ဟု Google Traffic Map တွင် ပြသထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article