36 C
Yangon

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း ကျေးလက်၊ မြို့ပြ မကျန် ပြည်သူ များက စစ် အာဏာ ရှင်ကို အသံတိတ်သပိတ်ဖြင့် ဆန့်ကျင်ကြောင်း ပြသ

Must read

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း ကျေးလက်၊ မြို့ပြ မကျန် ပြည်သူ များက စစ် အာဏာ ရှင်ကို အသံတိတ်သပိတ်ဖြင့် ဆန့်ကျင်ကြောင်း ပြသ

▪️ နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် အဆုံးသတ်သည်အထိ ပြည်သူ များက ပါဝင် တိုက်ပွဲဝင်မည်ကို သက်သေထူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း ကျေးလက်မြို့ပြ မကျန် စစ်အာ ဏာ ရှင် တော်လှန်ရေး အသံတိတ် သပိတ်တွင် တက်ကြွစွာ ပါဝင်ပြီး ယနေ့ မွန်းလွဲ ၃ နာရီတွင် အသံတိတ် သပိတ်အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လက်နက်အားကိုးဖြင့် လူထုရွေးကောက်တင်မြှောက် ထားခဲ့သော ပြည်သူ့ အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးကာ အကြမ်းဖက် နည်းလမ်းဖြင့် အာဏာ သိမ်းယူခဲ့သည်။

အာဏာသိမ်းမှု ၂ နှစ်ကြာသော်လည်း ပြည်သူလူထုမှာ သွေးအေးသွား ခြင်းမရှိဘဲ စစ်အာဏာရှင်ကို ရသည့်နည်းလမ်းဖြင့် ဆက်လက် တော်လှန် နေကြဆဲ ဖြစ်သည်ကို ယနေ့ အောင်မြင်စွာ ပြီးဆုံးသွားသည့် အသံတိတ် သပိတ် က အထင်အရှား သက်သေပြနေသည်။

ယနေ့ အသံတိတ်သပိတ်ကို သတ်မှတ်အချိန် နံနက် ၁၀ နာရီ မထိုးခင်ကပင် စတင် ပါဝင်ခဲ့သော မြို့ကြီးကို ပြပါဆိုလျှင် မန္တလေး မြို့ကြီးကို ဦးစွား ပြသရမည်ဖြစ်သည်။

မန္တလေးမြို့သည် နံနက် ၈ နာရီ ၃၀ မိနစ်ကတည်းက လူမရှိတော့ဘဲ ပြည်သူ အားလုံးက အိမ်ထဲတွင် နေကြတော့သည်။ လက်ရှိ အသံတိတ် သပိတ် ပြီးဆုံးသည့် အချိန်ဖြစ်သော ညနေ ၃ နာရီ ထိုးသည်အထိလည်း မန္တလေးလူ ထုက အသွားအလာ နည်းပါးနေဆဲဖြစ်သည်။

ရန်ကုန်မြို့ကြီးကမူ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှစတင်၍ အသံ တိတ် သပိတ်တွင် မြို့လုံးကျွတ် စတင်ပါဝင်ခဲ့ပြီး နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်မြို့တစ်မြို့လုံး အသွားအလာများ ရပ်ဆိုင်းခြင်း၊ ယာဉ်အသွားအလာများ မရှိသလောက် နည်းပါးသွားခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှု အလွန်ဆိုးဝါးသော ရန်ကုန်မြို့၏ ယာဉ်ကြော အခြေ အနေမှာ မွန်းတည့် ၁၂ နာရီတွင် Google Live Traffic Map ၏ ပြသချက်အရ ရန်ကုန်တစ်မြို့လုံး အစိမ်းရောင်ပြသကာ ယာဉ်အသွားအလာ မရှိကြောင်း သက်သေထူခဲ့သည်။

ပုံမှန်အားဖြင့် အင်းစိန်ဆေးရုံမှ ရန်ကုန်မြို့တော်ခန်းမ၊ ဆူးလေ စေတီအထိ ၂ နာရီကျော်ကြာ ကားစီးရသည့်ခရီးကို ယနေ့ Google Live Traffic Map က ၃၁ မိနစ်အတွင်း သွားနိုင်သည်ဟု ဖော်ပြသည်။ လက်တွေ့မြေပြင်တွင် ထို ထက်ပို၍ မြန်ဆန်ကြောင်း တက္ကစီသမားတချို့က ပြောသည်။

ယင်းနောက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပျဉ်းမနား၊ အစရှိသည့် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ လူသူကင်းမဲ့ပြီး အသံတိတ် သပိတ်တွင် တက်ကြွစွာ ပြည်သူများက ပါဝင်ခဲ့ကြသည်။

အာဏာသိမ်းမှု ၂ နှစ်ကြာသော်လည်း မြန်မာပြည်သူများက ၎င်းတို့၏ ရင် ထဲတွင် စစ်အာဏာရှင်ကို ခါးခါးသီးသီး လက်မခံ မုန်းတီးနေကြဆဲ၊ ဖြုတ်ချ တော်လှန်ရန် သွေးဆူနေဆဲဖြစ်ကြောင်း ယနေ့ အသံတိတ်သပိတ်က အောင် အောင်မြင်မြင် သက်သေထူပြသွားခဲ့ပြီဖြစ်သည်။

ဓာတ်ပုံ- ယနေ့ အသံတိတ်သပိတ် ဆင်နွှဲချိန် ရွှေတိဂုံစေတီ၊ ဆူလေးစေတီနှင့် ရန်ကုန် မြို့မြင်ကွင်းများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article