28 C
Yangon

ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင် သွေးစွန်း ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင် သွေးစွန်း ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်၊ လှိုင်သာယာမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် အကြမ်းဖက် စစ်တပ်၏ သွေးစွန်း ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ လှုပ်ရှားမှုကို လှိုင်သာယာမြို့နယ်အတွင်းရှိ အ.ထ.က ၄ အခြေခံပညာ အထက်တန်း ကျောင်း၊ အ.ထ.က ၂ အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ် ၁ အခြေခံပညာ အလယ်တန်းကျောင်း ထ(ခွဲ) ကျောင်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ဒီစာမေးပွဲကိုအဖြစ်ခံမှာမဟုတ်ဘူး။ ရရာနည်းနဲ့တားဆီးသွားမှာ ကျနော်တို့မြို့လေးသွေးစွန်းခဲ့တယ့်နေ့မှာ မင်းတို့တွေက မင်းတို့သားသမီးတွေကို သွေးစွန်းနေတယ့်စာသင်ခန်းတွေဆီ လွှတ်ဦး မလို့လား ငါတို့အာဇာနည်သူရဲကောင်းတွေရဲ့သွေးတွေ ပေတရာပေါ်မှာမခြောက်သေးဘူး ဒါကို သတိချပ်ကြပါ ထိုနေ့မှာ non cdm ဆရာ ဆရာမ တွေအနေနဲ့လည်း အတင်းကြပ်ဖိအားပေး မယ်ဆိုရင်တော့ ချက်ခြင်းလည်းလက်တုုံပြန်မှာဖြစ်သလို တစ်ဦးချင်းအလိုက်လည်းမှတ်တမ်းရယူပြီး အရေးယူသွားပါမည်” ဟု ပြန်ကြားရေးတာဝန်ခံ ကိုဘုန်းမြတ်မင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article