34 C
Yangon

ရန်ကုန်-မန္တလေးအမြန်လမ်း ပလွေးတိုးဂိတ်တွင် ကုန်ကားနှင့်အိမ်စီးကားများကို စစ်တပ်နှင့်ရဲက အနိုင် ကျင့် ဆက်ကြေးတောင်း၊ တာဝန်ကျ ရဲနှင့် စစ်သား ၁ ဦး တစ်နေ့ ငွေကျပ် ၁ သိန်းနီးပါး ဝင်ငွေရှိဟုဆို

Must read

ရန်ကုန်-မန္တလေးအမြန်လမ်း ပလွေးတိုးဂိတ်တွင် ကုန်ကားနှင့်အိမ်စီးကားများကို စစ်တပ်နှင့်ရဲက အနိုင် ကျင့် ဆက်ကြေးတောင်း၊ တာဝန်ကျ ရဲနှင့် စစ်သား ၁ ဦး တစ်နေ့ ငွေကျပ် ၁ သိန်းနီးပါး ဝင်ငွေရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၀၁ နေပြည်တော် ပလွေးတိုးဂိတ်တွင် ကုန်ကားနှင့်အိမ်စီးကားများကို စစ်တပ်နှင့်ရဲများက အနိုင်ကျင့် ဆက်ကြေးတောင်းခံနေသဖြင့် ပြည်သူအများစု ငွေကြေး ကုန်ကျမှုများစွာ ရင်ဆိုင်နေရကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော်၊ ပလွေးတိုးဂိတ် မိုင်တိုင်အမှတ် ၂၀၁ တွင် ရန်ကုန်မှလာသည့်ကားများ၊ မန္တလေးဘက်မှ လာသည့်ကားများ၊ နေပြည်တော်သို့ဝင်မည့် ကားများကို စာရွက်စာတမ်း၊ လိုင်စင်၊ မှတ်ပုံတင် စသည့် ပုံစံအမျိုးမျိုးဖြင့် အပြစ်မရှိ အပြစ်ရှာ စစ်ဆေးကာ ကားများကို ငွေတောင်းယူနေခြင်းဖြစ်ကြောင်း၊ ခရီးသွား ပြည်သူများက မိမိတို့ သွားရောက်လိုသည့် ခရီးရောက်ရှိရေးအတွက် ငွေကြေးပေး၍ ဖြေရှင်းကြရသည်ဟု သိရှိရသည်။

နေပြည်တော် ပလွေးတိုးဂိတ်တွင် တာဝန်ကျ ရဲနှင့်စစ်သား ၂၀ ဝန်းကျင်ရှိပြီး တစ်နေ့လျှင် ဝင်ငွေ ၁ သိန်း နီးပါးရှိနေပြီး ယင်းဂိတ်တွင် တာဝန်ကျပြီးနောက် ကားစီးနိုင်သည့် အခြေအနေ ရောက်ရှိလာကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။

“ရန်ကုန် မန်းလေး အမြန်လမ်းကြီး၊ ပလွေးတိုးဂိတ်က လာဘ်စားမှု အလွန်များပြားတယ်။ တာဝန်ကျ အောက်ခြေ ရဲနဲ့စစ်သား တစ်ယောက်ကို တစ်နေ့လျှင် မြန်မာငွေ ၅၀၀၀၀အထက် ရရှိနေပါတယ် ။ ကားသမားတွေဆီက တောင်းလို့ရတဲ့ ငွေတွေကို ထင်ထင်ရှားရှား ပြည်သူများရှေ့မှာ အပေးအယူလုပ်တယ်။ ရဲတပ်ကြပ်တစ်ယောက်ကို ၁သိန်း အထက် ရရှိနေပါတယ်။ အာဏာသိမ်းပြီးမှ ကားစီးနိုင်သော ရဲများလည်းပလွေးတိုးဂိတ်မှာ အများပြားရှိလာပါတယ်။ အရာရှိတွေလည်း ကားအမျိုးမျိုးဝယ်စီးနိုင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ရဲနှင့်စစ်သားများက ပလွေးတိုးဂိတ်ကို ဖြတ်သန်းသည့် ကားများကို ပုံစံအမျိုးမျိုးဖြင့် ငွေညှစ် ဆက်ကြေး တောင်းခြင်းဖြစ်ပြီး ခရီးသွားထောက်ခံစာ စာရွက် စာ တမ်းပြည့်စုံပြီး အပြစ်ရှာမရလျှင်တောင်မှ ဘော်ဒါကြေး ပေးရသည်ဟု သိရှိရသည်။

“ကုန်ကားတွေဆီက ကားတားပြီး စာရွက်စာတမ်း စစ်ပါတယ်။ ပြီးရင် ပိုက်ဆံပါ တခါတည်း စာရွက်တည်း ထည့်ပေးရပါတယ်။ အိမ်စီးကား​တွေကို​ရောပါတယ်။ အိမ်စီးကားတွေကလည်း မြို့ဝင်စာရွက်စာတမ်းများ လုပ်ရပါတယ်။ ပြီးတေ့ာ စာရွက်စာတမ်း လုပ်ခနှုန်းဆိုပြီး ငွေတွေ မတရားတေင်းတယ်။ အကျင့်ပျက် လာဘ်စားမှု အရမ်းများတယ်။ အာဏာသိမ်းပြီးမှ ရဲများ ဝင်ငွေ ကောင်းလာကြပါတယ်။ ဂိတ်မှာတာဝန်ကျ ရဲနဲ့စစ်သား ၁၀ယောက်ကျော်၊ ၁၂ယောက်လောက်ရှိတယ်။ ရန်ကုန်တက်တဲ့လမ်းမှာက တစ်ဖွဲ့၊ မန္တလေးနဲ့ နေပြည်တော် ဝင်တဲ့လမ်း တစ်ဖွဲ့ပါ။ ဒေသခံ ပျုစောထီး ကိုချစ်သိန်းနဲ့ပါ ပေါင်းစားနေကြပါတယ်။ ပြည်သူတွေ ဒေသခံတွေက သိလည်း ငြိမ်ခံနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာလုယူပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ခရီး သွားလာရာတွင် စစ်တပ်နှင့်ရဲများက ပုံစံအမျိုးမျိုးဖြင့် အနိုင်ကျင့် ငွေကြေးတောင်းယူမှုများ၊ ဆက်ကြေးကောက်ခံမှုများ၊ ပြည်သူများ အနိုင်ကျင့် ကိုယ်ထိလက်ရောက် ထိုးကြိတ် ရိုက်နှက်မှုများ စသည့် ဥပဒေ စိုးမိုးမှုမရှိသည့် အခြေ အနေ များ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article