28 C
Yangon

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ တံတား မိုင်းကွဲပြီး ယာဉ်များ ပိတ်ဆို့နေ

Must read

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ တံတား မိုင်းကွဲပြီး ယာဉ်များ ပိတ်ဆို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် သထုံမှ ဘီးလင်းသို့ မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရန်ကုန်-မော်လမြိုင်လမ်း၊ ကမာဆိုင်ရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ ၊ တပ်ခွဲ ၃ နှင့် ဘီးလင်း ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်တံခါးမြို့နယ်နှင့် ပဲနွယ်ကုန်းအကြားရှိ တံတား မိုင်းကွဲပြီး လက်ရှိအချိန်တွင် ကားများ ပိတ်ဆို့နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။

“ကျောက်တံခါး နှင့် ပဲနွယ်ကုန်း ကြား ရန်ကုန် မန္တလေးလမ်းဟောင်း တံတားမိုင်းကွဲပါတယ်။ အခုအချိန်အထိ ကားတွေ ပိတ်ထားပြီး ဖြတ်သန်းခွင့်မပြုသေးပါဘူး။ ကားတွေပိတ်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ- ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်တံခါးနှင့် ပဲနွယ်ကုန်းအကြားတွင် ယနေ့ တံတားမိုင်းကွဲ၍ ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article