36 C
Yangon

ရန်ကုန် အသံတိတ် သပိတ် စတင်နေပြီး လမ်းပေါ်တွင် နံနက် ၉ နာရီ ၄၀ မိနစ်မှစတင်၍ လူအသွားအလာနှင့်ကားများ ရှင်းသွာ

Must read

ရန်ကုန် အသံတိတ် သပိတ် စတင်နေပြီး လမ်းပေါ်တွင် နံနက် ၉ နာရီ ၄၀ မိနစ်မှစတင်၍ လူအသွားအလာနှင့်ကားများ ရှင်းသွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တွင် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် စတင်နေပြီး လမ်းပေါ်တွင် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်မှစတင်၍ လူအသွား အလာနှင့်ကားများ ရှင်းသွားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

လူများ၊ ကားများဖြင့် အမြဲစည်ကားရှုပ်ထွေးနေသော ရန်ကုန် ယုဇနပလာဇာ ရှေ့တွင် နံနက် ၉ နာရီ ၅၀ မိနစ်အချိန် ကားအသွားအလာနှင့် လူအသွား အလာ အလွန်နည်းပါးသွားပြီး တဖြည်းဖြည်း တိတ်ဆိတ် ငြိမ်သက်သွားကြောင်း သိရှိရ သည်။

“ဒီနေ့ ယုဇနပလာဇာရှေ့ကတော့ ယာဉ်ရော လူရော အသွားအလာ အတော်ကို နည်းသွားပြီ။ နေရာတော်တော်များများ ကားအသွားအလာရှင်းသွားပြီ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်သား တစ်ဦးကလည်း စျေးများတွင် ဆိုင်များသာ ဖွင့်ထားပြီး ရောင်းသူရော ဝယ်သူပါ မရှိတော့ဟု ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်ယုဇနပလာဇာရှေ့ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article