30 C
Yangon

ရမည်းသင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားက စစ်အာဏာရှင် ဆန့်ကျင်ရေး အစာငတ်ခံဆန္ဒ‌ပြ၊ အသံတိတ် သပိတ်တွင် ပြည်သူများနှင့်အတူ ရပ်တည်

Must read

ရမည်းသင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားက စစ်အာဏာရှင် ဆန့်ကျင်ရေး အစာငတ်ခံဆန္ဒ‌ပြ၊ အသံတိတ် သပိတ်တွင် ပြည်သူများနှင့်အတူ ရပ်တည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၃

မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများက တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်နေ့ ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် အစာငတ်ခံဆန္ဒထုတ်ဖော်ပြီး အသံတိတ်သပိတ်တွင် ပါဝင်ခဲ့ ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို လက်နက်နှင့် မတရား သိမ်းယူခဲ့ကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်ကို မထောက်ခံဘဲ တွန်းလှန်ခဲ့ကြသည့် CDM ဝန်ထမ်းနိုင်ငံ့သူရဲကောင်းများ၊ ပြည်သူ့အတွက် ၊တိုင်းပြည် အတွက် အသက်ကိုပင် ကြိုတင်စွန့်လွှတ်၍ တိုက်ပွဲဝင်ပေးနေကြသော PDF ရဲဘော်ညီအစ်ကိုများ၊ တိုင်း ပြည်ကောင်းကျိုးလိုလားသူ EAOs အဖွဲ့အစည်းများ၊ စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျရေးတွင် အုတ် တစ်ချပ်၊ သံတစ်ပွင့် မြှူမှုန်မျှခွန်အားဖြင့် ပါဝင်ထမ်းရွက်ခဲ့သော ပြည်သူများနှင့်အတူ အကျဉ်းကျ နေသော နိုင်ငံရေးအကျဉ်းသားများမှလည်း ယုံကြည်ချက်ပြင်းထန်စွာပါဝင်မှုအဖြစ် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရပ်မနေသလို ငြိမ်လည်း ငြိမ်မနေပါဘူး၊ စစ်အုပ်စုဟာ လက်နက်က်နဲ့ အကြောက်တရားက လွဲပြီး တခြားဘယ်လိုအရာမျိုးကိုမှ ထပ်မပေးနိုင်ပါဘူး၊ လွတ်လပ်မှုတွေ ထိန်းချုပ်ခံထားရတဲ့ နံရံ လေး ဖက်အတွင်း ရောက်ရှိနေပေမယ့် အကျဉ်းထောင်စရိုက်၊ ကိုယ့်စိတ်တရားမှာ ထောင်ထဲမှာ မပျော်ဝင် မနစ်မြုပ်သွားကြပါဘူး” ဟု နိုင်ငံရေးအကျဉ်းသားများက ပြောဆိုသည်။

နွေဦးတော်လှန်ရေးအောင်ပွဲသည် မကြာမီ ရောက်ရှိလာတော့ မည်ဖြစ်သည့်အတွက် ဆက်လက် တိုက်ပွဲ ဝင်ပေးကြရန်၊ မိဘနှင့်သားသမီး၊ ဇနီးနှင့်ခင်ပွန်းသည်များ၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းများ ခေါင်းမော့ ရင်ကော့ကာ လွတ်လပ်စွာပွေ့ဖက်နှုတ်ဆက်ခွင့်ကို မကြာမီရောက်ရှိလာတော့မည့်ဖြစ်သည့် အတွက် ဆက်လက်အားတင်းကြထားရန်၊ နိုင်ငံ့သမိုင်းကို ပေးဆပ်အနစ်နာခံမှုဖြင့် အနာဂတ်မျိုးဆက် များအတွက် ပေးအပ်ထားခဲ့ရန် ရမည်းသင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article