28 C
Yangon

ရေစကြိုမြို့နယ်၊ နေရင်းရွာမရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျ

Must read

ရေစကြိုမြို့နယ်၊ နေရင်းရွာမရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ နရင်းရွာမရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း yay lal kyun news- ရေလယ်ကျွန်းသတင်း အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရေစကြိုမြို့နယ် မင်းရွာတွင် စခန်းချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီး အဖွဲ့များက နေရင်းရွာမရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

” ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူး။ နေရင်းရွာမရွာက ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရတာ ကြာပြီ စစ်ခွေးတွေ မီးရှို့သွားလို့ နေအိမ် ၃၀ ကျော်ပြာကျသွားတယ်” ဟု yay lal kyun news- ရေလယ်ကျွန်းသတင်း အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းများသည် နေရင်းရွာမရွာရှိ ဝင်ရောက် စီးနင်းမှုကြောင့် ပြည်သူ အများစုသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ကတည်းစတင်ကာ နေရပ်စွန့်ခွာ တိမ်းရှောင် နေရဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article