37 C
Yangon

ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက် ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့် ခိုးရာရွှေနှင့်ငွေများ သိမ်းဆည်းရမိ

Must read

ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက် ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့် ခိုးရာရွှေနှင့်ငွေများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေတာရှည်တွင် ကျေးရွာများကို ဓားပြတိုက် ပြန်လာသော စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးကျော်သေဆုံးပြီး လက်နက် ၇ လက်၊ ခဲယမ်းများနှင့် ခိုးရာရွှေနှင့်ငွေများ သိမ်းဆည်းရမိကြောင်း တောင်ငူခရိုင် PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ သည် ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် လိပ်သိုမြို့နယ် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ဘက်မှ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိရာတွင်

၁။ MA3 (၄)လက်

၂။ MA11 (၂)လက်

၃။ MA2 (၁)လက်

၄။ ကျည်ဘောက် (၁၈) ခု

၅။ ကျည် (၅၂၀) တောင့်

၆။ (၆၀)မမဗုံးသီး (၂)လုံး နှင့် ရိက္ခာအများအပြားတို့ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသွားသော စစ်သားများထံမှ

၁။ လက်ကောက် (၂)ကွင်း

၂။ ဆွဲကြိုး (၁)ကုံး

၃။ လက်စွပ်(၁)ကွင်း

၄။ ဖုန်း(၃)လုံးတို့ကိုပါ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မူလပိုင်ရှင်များထံ အတိအကျ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ၊ ၈ ရက်နေ့ ၊ ၁၂ ရက်နေ့ ၊ ၁၄ ရက်နေ့တွင်လည်း PDF ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရေအတွက် အတိအကျကိုမူ ထပ်မံအတည်ပြုလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article