33 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေတာရှည်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရေတာရှည်မြို့နယ် နားဂျပ်ကျေးရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ​နေစိုးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရေတာရှည်မြို့နယ် ပကဖအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ရှင်းသည့် နေရာ ရေတာရှည်မြို့နယ် ဒိုးတန်းကျေးရွာ စစ်တောင်းမြစ်ကူး တံတားအနီးမှာပါ။ ရေတာရှည် မြို့နယ် ပကဖ အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာပါ။ ရှင်းရတဲ့ အကြောင်းရင်းက စစ်တပ် နဲ့ဆက်သွယ်ပြီး ဒလန်မလုပ်ဖို့ အကြိမ်ကြိမ် သတိပေးတားမြစ်နေပေမယ့် နောက်မဆုတ်ဘဲ ဆက်လုပ်နေသည့်အတွက် ရှင်းလင်းခဲ့ရတာပါ” ဟု ရေတာရှည်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article