37 C
Yangon

ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းနှင့် ပင့်သီလာကျေးရွာမှ ‌ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု

Must read

ရေတာရှည်မြို့နယ်၊ ဇရစ်ရိုးကုန်းနှင့် ပင့်သီလာကျေးရွာမှ ‌ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မိချောင်းအိုင်ကျေးရွာအုပ်စု၊ ဇရစ်ရိုးကုန်းနှင့် ပင့်သီလာကျေးရွာမှ ပြည်သူ ပိုင်နေအိမ်များအား ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတင်းရင်းမြစ် (တော်လှန်ရေး ခေတ္တလေနှင်ရာ)က ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အင်အား (၁၅၀)ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းက ဒိုးတန်းကျေးရွာနေ ကိုဒေးဒေး၊ ကိုရန်ရှင်း နှင့် ကိုဖိုးဖြု၊ ကို၀င်းစိုး တို့ကို ရှေ့ဆုံးမှ ကြိုးတုတ်ပြီး လူသားဒိုင်းလုပ်ကာ ဇရစ်ရိုးကုန်းကျေး ရွာမှ ပြည်သူပိုင် နေအိမ် ၄ လုံးနှင့် ပင့်သီလာကျေးရွာမှ ပြည်သူပိုင်နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က စစ်‌တောင်းမြစ်ကို မကူးခင် လက်နက်ကြီး ၃ ချက်နှင့် စက် သေ နတ် ဖြင့် အတွဲလိုက် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ရေတာရှည်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article