26 C
Yangon

ရေဖြူမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦး သေဆုံး

Must read

ရေဖြူမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်း၊မိုင်တိုင် ၂၂ တွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ် တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံ ခဲ့ကြောင်း ရေဖြူမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နေ့လည် ၂ နာရီဝန်းကျင်ခန့်က ရေးမြို့မှ သရက်ချောင်းမြို့ဘက်သို့ သွားသော အကြမ်းဖက်စစ်သား အများအပြားလိုက်ပါ လာသည့် ဖောကား ၁၇ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ပြင်းအားမြင့် လက်လုပ်မိုင်းများ ဖြင့ ်‌ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲ ဖြစ် ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၁၀ ဦး ကျော် ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းဆွဲတဲ့အချိန်ကားမှောက်သွားတာ၊ အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲကြာမှာ၊ အရှေ့ ကား‌ တွေပေါ်က ဆင်းလာတဲ့ စစ်ခွေးတွေနဲ့ အပြန်အလှန်ပစ်ကြတာ၊ တိုက်ပွဲဖြစ်ပြီးတော့ ခွေးတွေက ကားလမ်းကို ပိတ်ပစ်လိုက်တယ်၊ ကျနော်တို့လဲ ဆုတ်လာခဲတော့ ဆက်သွားဖြစ်၊ မသွားဖြစ် ဘယ်လို ဖြစ်ကျန်ခဲ့လဲ သေချာမသိတော့ဘူး” ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Mine Force PDF တပ်ဖွဲ့တို့မှ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ အကြမ်းဖက်စစ်တပ်မှ ၄၀ မမ၊ ၆၀ မမ တို့ဖြင့် တရစပ်ပြန်လည်ပစ်ခတ် ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article