37 C
Yangon

ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပြာကျ

Must read

ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပြာကျ

ရန်ကုန် ၊ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇၂ နှစ်အရွယ် ဒေါ်တူနှင့် အသက် ၃၄ နှစ်အရွယ် ဒေါ်မီဂတုံး (ခ) ဒေါ်သူဇာနွယ် တို့ပွဲချင်းပြီး သေဆုံးကာ ပြည်သူပိုင်နေအိမ် ၃ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

” ဒီနေ့ မွန်းလွဲပိုင်းမှာ ညောင်ပင်ကြီးရွာသစ်ရွာကို တပ်မ ၇၇ စစ်ကြောင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးနဲ့ လှမ်းပစ်လို့ ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ၁ ဦး ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်။ နေအိမ် ၃ လုံး မီးလောင်ပြာကျတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အစပ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဖေဖော်ဝါရီ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article