36 C
Yangon

ရွှေဘိုတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟုဆိုကာ ပြည်သူ ၆ ဦးကို စစ်ခုံရုံးက ထောင်ဒဏ် သုံးသက်သုံးကျွန်းနှင့် နှစ်ရှည်များထောင်ဒဏ်များ တွဲဖက်ချမှတ်

Must read

ရွှေဘိုတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟုဆိုကာ ပြည်သူ ၆ ဦးကို စစ်ခုံရုံးက ထောင်ဒဏ် သုံးသက်သုံးကျွန်းနှင့် နှစ်ရှည်များထောင်ဒဏ်များ တွဲဖက်ချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟု ဆိုကာ ပြည်သူ ၆ ဦးကို ထောင်ဒဏ် သုံးသက် သုံးကျွန်းနှင့် နှစ်ရှည်များ ထောင် ဒဏ်များ စစ်ခုံရုံးက ပြစ်ဒဏ်တွဲဖက်ချမှတ်လိုက်ကြောင်း ဒေသပြည် သူများက ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင် PDF ဟု အမည်တပ်ကာ ဖမ်းဆီးထားသော အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ကို ထောင်ဒဏ် သုံးသက် သုံးကျွန်းနှင့်နှစ်ရှည် ထောင် ဒဏ်များ အမြင့်ဆုံး ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရွှေဘိုအကျဉ်းထောင်တွင် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသော ပြည်သူ ၅ ဦးကို စစ်ခုံရုံးဖြင့် ပြစ်ဒဏ်များချမှတ်ရာတွင် ကိုဖြိုးမင်းသူ (ခ) ငချဲ ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ၃ခု နှင့် ထောင်ဒဏ် ၃၄နှစ်ကို ပူးတွဲချမှတ်ခြင်း၊ ကိုစိုးဝေဇော်(ခ)စိုးကြီးကို တစ်သက်တစ်ကျွန်း ၃ ခုနှင့် ထောင်ဒဏ် ၃၄နှစ်ကို ပူးတွဲ ပြစ်ဒဏ်ချမှတ်ကြောင်း သိရှိရသည်။

ထို့ပြင် ကိုစိုးမိုးသူကို ထောင်ဒဏ် တစ်သက်တကျွန်းနှင့် ထောင်ဒဏ် ၁၇ နှစ်၊ ကိုထက်မြတ်ခန့် (ခ) ထက်ကြီးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကိုကျော် စိုး အောင် ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း နှင့် မဝေဝေလွင် ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ ရွှေဘိုမြို့နယ် စစ်ခုံရုံးက ချမှတ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေဘိုမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး ဒေသများအဖြစ် ယခုလအတွင်း ထုတ်ပြန် ကြေညာထားသည်။

ဓာတ်ပုံ- ရွှေဘိုမြို့နယ် တရားရုံး တရားခွင်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article