30 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးဟုဆို

Must read

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊အရှေ့လတ်၊ ရွှေဘို-ကျောက်မြောင်းလမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး နေရာတွင်ပင် လဲကျ ပွဲချင်းပြီး သေဆုံးကြောင်း Burma Rangers တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က ရွှေဘိုမြို့မှ ကားဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၇၀ ခန့်သည် ကြက်မွေးမြူရေးဇုန်တွင် ကားပေါ်မှ ဆင်းကာ ဇုန်၏ နောက်ကျောမှ တဆင့် တအုံကျေးရွာနှင့် အုံးပေါက်ကျေးရွာအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ပိုင်နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရသည်။

“ရွာတော့မီးမရှို့ခဲ့ဘူး၊ ရွာထဲမှာ သေနတ်တွေ ရမ်းသမ်းပစ်လို့ ပြည်သူတစ်ဦး ရင်ဘတ်ကျည်ထိမှန်ဒဏ် ရာရတယ်၊ ညနေ ၄ နာရီလောက် စစ်ကြောင်းပြန်ဆုတ်လာတဲ့အချိန်မှာ ပါဆယ် မိုင်းတစ်လုံးတင်ပြီးဆွဲခဲ့ တာ၊ မိုင်းကွင်းထဲရောက်လာတဲ့ ခွေး ၆ ကောင် တခါတည်းပစ်လဲသွားတာ၊ ကျန်တဲ့မိုင်းမထိတဲ့ ခွေးတွေ က နှစ်ဆင့်ကွဲကျည်တွေနဲ့ ပြန်ပစ်လို့ ပြန်ဆုတ်ပြေးလာခဲ့ရတယ်”ဟု Burma Rangers တပ်ဖွဲ့မှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လူနာ တင်ယာဉ်တစ်စီး၊ ကျောက်တင်ကားတစ်စီးဖြင့် သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ရမ်း သမ်းပြန်လည်ပစ်ခတ်ခဲ့သော်လည်း Burma Rangers တပ်ဖွဲ့ဝင် ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article