34 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိမှုများပြား၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးဒဏ်ရာရ

Must read

ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိမှုများပြား၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ပြားကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ရွှေဘိုမြို့နယ် မဲတောမှ ပလိုင်းကျေးရွာသို့ ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို မဲတော နှင့် ပလိုင်းအကြားတွင် ကြိုတင်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးနှင့်အထက် ထိခိုက် ဒဏ်ရာရရှိနိုင်ကြောင်း၊ သေဆုံးမှုကို အတည်ပြု နိုင်ရေး စုံစမ်းနေဆဲဖြစ်ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

အလားတူ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မဲတောမှ ရွှေဘိုသို့ စစ်ကြောင်း ပြန်ပေါင်းရန် ထွက်လာသော အင်အား ၇၀ ပါ စစ်ကြောင်းကို ထပ်မံ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံး၍ အများအပြား ဒဏ်ရာပြင်းထန်ကြောင်း၊ စစ်ဆင်ရေးကို နတ်တောင်နဂါး ပျောက်ကျား တပ်ဖွဲ့ နှင့် မဟူရာမြင်းရိုင်း ၊ CDF SHWE BO ၊ ဇာမဏီ ရတနာသိင်္ခ ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ် များ ဖြင့်ပြန်လည် ပစ်ခတ်ပစ်ခတ်ခဲ့ပြီး PDF ရဲဘော် ၁ ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် အကြမ်းဖက်စစ်သား၊ ရဲများကို မိုင်း ပစ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Who Am I တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည ၇ နာရီခန့်က ရွှေဘိုမြို့၊ လမ်းမတော်လမ်းမပေါ်ရှိ မြဝတီဘဏ်ရှေ့ တွင် ဘန်ကာဆောက်ပြီး ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၇ ဦးခန့်ကို K.R.L လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရပြီး လူနာတင်ကားဖြင့် သယ်ယူ သွားကြောင်း သိရသည်။

“ဘဏ်တိုက်ခိုက်မှုမှာ ၃ ဦးလဲကျသွားတာ တွေ့တယ်လို့ ဘဏ်အနီးနားနေတဲ့ ပြည်သူတွေက မြင်လိုက် တယ်လို့ပြောတယ်၊ သေဆုံးမှုတော့မသိရသေးဘူး၊ လူနာတင်ရောက်တဲ့သတင်းကတော့ ရတယ်၊ ရဲစခန်းတိုက်ခိုက်မှုလဲ ခွေးသေမသေမသိရသေးဘူး၊ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုတော့ရှိတယ်၊ ရဲဘော် တွေအားလုံးဘေးအန္တရာယ်ကင်းခဲ့ပါတယ်” ဟု Who Am I တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်ကလည်း ရွှေဘိုမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းရှိ မျှော်စင်ပေါ်ရှိ ကင်းစောင့်နေသော ရဲများကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Who am i-Army နှင့် Ranger Army တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article