30 C
Yangon

ရွှေဘိုမြို့နယ်တွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိ ဆင်အင်းရွာကို စစ်တပ်က တပ်စွဲပြီး အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေအိမ် ၁၂၀၀ ကျော် ပြာပုံအတိဖြစ်သွား

Must read

ရွှေဘိုမြို့နယ်တွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိ ဆင်အင်းရွာကို စစ်တပ်က တပ်စွဲပြီး အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေအိမ် ၁၂၀၀ ကျော် ပြာပုံအတိဖြစ်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာတွင် တပ်စွဲထားသော စစ်တပ်က ကျေး ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေ အိမ် ၁၂၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

၂၀၂၂ခုနှစ် နိုဝင်ဘာမှ စတင်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထိ ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာ ရဲစခန်းတွင် တပ်စွဲထားသည် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြိမ်ကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၁၃၀၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်​ကြောင်းက လက်ရှိချိန်အထိ ကျေးရွာ ရဲစခန်းတွင် တပ်စွဲထားပြီး သောင်းနှင့်ချီသော ဒေသခံပြည်သူများလည်း တောတောင်များအတွင်း ၃ လ ကျော် ကြာ စစ်ဘေးတိမ်ရှောင်နေရကြောင်း၊ ဆင်အင်းရွာတွင် ပြည်သူပိုင် နေ အိမ် ၁၅၀၀ ကျော်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ပြီး စစ်သားများက မူး ယစ်ရမ်းကားပြီး ပြည်သူပိုင်နေအိမ် များကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဆင်အင်းရွာမှာ အိမ်ခြေပေါင်း ၁၅၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။ တိုက်နယ်စံပြ ကျေးရွာကြီးမို့ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းနဲ့ အတူ တိုက်နယ် ဆေးရုံ စာစစ်ဌာနရှိတဲ့ အထက်တန်းကျောင်း၊ ရဲစခန်း၊ စျေးတန်းနဲ့ အတူ စည်ကားတဲ့ရွာကြီးပါ။ အခုတော့ ဆိုးဝါးသောင်းကျန်းတဲ့ လူစိတ်မရှိတဲ့ စစ်ခွေးတွေကြောင့် PDF တွေကိုထောက်ပံ့တယ်လို့ စွပ်စွဲပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ကနေပြီး လက်ရှိအချိန်ထိ ရဲစခန်းမှာ တပ်စွဲပြီးတော့ ရွာကို ဖျက်ဆီးတယ်။ စစ်ခွေး၊ ရဲ နဲ့ပျူတွေက အကြိမ်ကြိမ် မီးရှို့လို့ နေအိမ် ၁၂၀၀ ကျော် မီးလောင်ပြာကျသွားပြီး ရွာထဲမှာရှိတဲ့ပြည်ပိုင် နေအိမ်တွေကိုလည်း စိတ်ကြိုက် မွှေနှောက် တန်ဖိုးကြီး ပစ္စည်းတွေကို ယူဆောင်သွားတယ်။ သောင်းနဲ့ချီတဲ့ ပြည်သူတွေလည်း တောတောင်တွေထဲမှာ ၃ လကျော်ကြာ စစ်ရှောင်နေတယ်။ ဒုက္ခတွေ ရောက်နေကြတယ်” ဟုဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း ၁၁ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ရွှေဘိုမြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ်မဟုတ်သော်လည်း နေ့စဉ် စစ်တပ်က စစ်ကြောင်းထိုးကာ ရွာများကို မီးရှို့ ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article