35 C
Yangon

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်တွင် တည်ပင်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

“ရွှေဘို အနောက်ခြမ်း ထူးကြီးရွာနဲ့ တည်ပင်ရွာကို စစ်ခွေးတွေက မီးရှို့နေပါတယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်ကပါ။ ပြည်သူတွေ ထိခိုက်မှု အတိအကျ မသိရသေးဘူး။ ရွှေဘိုအနောက်နယ်ကို စစ်ခွေးတွေက စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲ ဖြစ်ပွားတာတော့ မကြားမိဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

တည်ပင်ရွာနှင့် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article