30 C
Yangon

ရွှေဘိုမြို့၊ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့ရှိ စစ်တပ် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ

Must read

ရွှေဘိုမြို့၊ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့ရှိ စစ်တပ် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့တွင် ဘန်ကာဆောက်ပြီး စောင့်နေသော အကြမ်း ဖက်စစ်သားများကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း Buffalo Soliders Freedom Force တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က အင်အား ၁၀ ဦးခန့်ဖြင့် မြန်မာ့ရှေ့ဆောင် ဘဏ်ရှေ့ရှိ ဘန်ကာ အတွင်မှ အကြမ်းဖက်စစ်သားများကို လက်ပစ် ဗုံးသီး တစ်လုံးပစ်ခတ်ပြီး ဖောက်ခွဲတိုက်ခိုက် စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး လူနာတင်ကားဖြင့် သယ်ဆောင်သွား ကြောင်း သိရသည်။

“ဗုံးက ဘန်ကာထဲတည့်တည့်ကျတာ၊ သေဖို့ရာများတယ်၊ လူနာတင်ကားနဲ့လာတင်သွားတာ၊ ပြည်သူ အချို့ ဖမ်းခံရတာရှိတယ်လို့ သိရတယ်၊ ဘယ်နှစ်ယောက်လောက်ပါသွားလဲတော့ မသိရသေးဘူး၊ မစ်ရှင် လုပ်တဲ့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်”Buffalo Soliders Freedom Force တပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သတင်းဌာနထံမှ ပြောကြားသည်။

ယင်းဘဏ်အနီးတွင် အခြားပုဂ္ဂလိက ဘဏ်များနှင့် အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ့ စီးပွားရေးတို့လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ စောင့်ကြပ်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အပြစ်မဲ့လမ်းသွား လမ်းလာ ပြည်သူအချို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article