28 C
Yangon

ရွှေဘိုရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရွှေဘိုရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျား (မြောက်)ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ကျား (တောင်) ရွာကို ထပ်မံ စီးနင်းမီးရှို့လျက်ရှိကြောင်း သိရသည်။

” ရွှေဘိုမြို့နယ် ကျားရွာကို ခွေးတွေ မီးတင်ရှို့နေပါတယ်။ ကျားတောင်ရွာကော ကျားမြောက်ရွာကော စစ်ခွေးတွေ မီးတင်ရှို့နေတာ ကျေးရွာထဲ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကိုလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article