30 C
Yangon

ရွှေဘိုရှိ ပန်းလှိုင်ရွာ၊ ဂုဏ်တန်ရွာ၊ မုန့်စီရွာများကို အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ရွာကို မီးရှို့ဖျက်ဆီး

Must read

ရွှေဘိုရှိ ပန်းလှိုင်ရွာ၊ ဂုဏ်တန်ရွာ၊ မုန့်စီရွာများကို အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပန်းလှိုင်ကျေးရွာနှင့် ဂုဏ်တန်ကျေးရွာတို့ကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တပ်ဖြန့်ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီဝင်နှင့် ပျူစောထီးများ ပြည်သူများနေအိမ်ကို ဖောက်ထွင်းဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို တစ်နေကုန် ခိုးထုတ်သယ်ယူပြီး ညနေပိုင်းတွင် မုန့်စီရွာနှင့် ပန်းလှိုင်ရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပန်းလှိုင်ရွာ စာသင်ကျောင်းတွင် တပ်စွဲခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှ စ၍ ဂုဏ်တန်ရွာသို့ အဖွဲ့ခွဲဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများတို့ကို ခိုးယူသယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ညနေပိုင်းတွင်မူ မုန့်စီရွာနှင့် ပန်းလှိုင်ရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း People’s Defense Comrade တွင် ဖော်ပြထားချက်အရ သိရှိရသည်။

“ညနေ ၅နာရီကျော်လောက်ကတည်းက မုန့်စီရွာနဲ့ ပန်းလှိုင်ရွာကို အဖွဲ့ခွဲမီးရှို့နေတယ်။ အခုညပိုင်း မရှို့တော့ဘူးဗျ”ဟု People’s Defense Comrade မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ပန်းလှိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သီးလုံးရွာမှ ထွက်လာသည့် စစ်ကြောင်း ဖြစ်ပြီး ကျောက်မြင့်ရွာနှင့် တင့်တယ် ရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်လည်း ငါးဆူကုန်းနှင့် မဲတောရွာတွေကို ဆက်လက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြ​ကာ မဲတောရွာမှတဆင့် ပန်းလှိုင်ရွာဘက်သို့ အထွက်ပြပြီး လမ်းခုလတ်တွင် တိုက်မိုင်း ၇ လုံး ကြောင့် အထိနာခဲ့ကြောင်း၊ ထိုနောက် ရွာသာ(ပျူစောထီးရွာ)သို့ ဝင်ရောက်ကာ ရွာသာမှတစ်ဆင့် ပန်းလှိုင်ရွာ စာသင်ကျောင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article