29 C
Yangon

ရွှေဘို၊ ချီပါတောင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကို မီးရှို့ဖျက်ဆီး

Must read

ရွှေဘို၊ ချီပါတောင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ချီပါတောင်ရွာကို စစ်ခွေးတွေက ဝင်စီးပြီး ရွာထဲက စက်ဘီး၊ ဆိုင်ကယ်တွေကို အကြမ်းဖက် စစ်တပ်က ဒီနေ့ နံနက် ၉ နာရီကျော်ခန့်မှာ က အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးသွားတယ်။ ဘဲခြံတွေကိုလည်း မီးရှို့ သွား​တယ်။ ပြည်သူတွေ ထိခိုက်တာတွေတော့ မရှိပါဘူး။ အကုန်လုံးက စစ်ဘေးရှောင်နေကျတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article