33 C
Yangon

ရွှေဘို၊ ထူးကြီးမြောက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျပြီး အိမ်မွေး တိရစ္ဆာန်များပါ သတ်ဖြတ်သွား

Must read

ရွှေဘို၊ ထူးကြီးမြောက်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျပြီး အိမ်မွေး တိရစ္ဆာန်များပါ သတ်ဖြတ်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးမြောက်ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် ပြည်သူပိုင်နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးမြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၀၀ ကျော်ပြာကျကာ အိမ်မွေး တိရစ္ဆာန်များပါ သတ်ဖြတ်သွားကြောင်း သိရသည်။

” ထူးကြီးရွာက ရက်ကန်း လုပ်ငန်း လုပ်ကိုင်တဲ့ ကျေးရွာကြီးပါ။ စစ်ခွေးတွေက ရက်ကန်းရုံတွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ရွာမှာနေတဲ့သူတွေရဲ့ ဘဝရပ်တည်ရေးကလည်း ခက်ခဲသွားပြီ စစ်ခွေးတွေကလည်း ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထူးကြီးမြောက်ရွာအပြင် ထူးကြီးတောင်ရွာနှင့် တည်ပင်ရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းကျေးရွာများ အနီးပတ်ဝန်းကျင်တွင် လက်ရှိချိန်ထိ စစ်​တပ် စစ်ကြောင်းများ တပ်စွဲထားသောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article