36 C
Yangon

ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ

Must read

ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စီးနင်း မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း S&C အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” ထူးကြီးကျေးရွာကို စစ်ခွေးတွေကဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာ ရွာလုံးကျွတ် ပြာကျသွားတယ်။ စုစုပေါင်း နေအိမ် ၂၀၀ ကျော်လောက်ရှိမယ်။ အခုထိ ရှင်းလင်းရေးတွေ လုပ်နေတုန်းပဲ ပြည်သူတွေတော့ စစ်ခွေးတွေ မရောက်ခင် ရွာလုံးကျွတ် ရှောင်တိမ်းနိုင်ခဲ့တယ်” ဟု S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article