28 C
Yangon

ရွှေဘို၊ ပလိုင်းရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊သရက်ချောင်းတွင် PDF စခန်းကို လမ်းပြသူ တင်လတ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရွှေဘို၊ ပလိုင်းရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊သရက်ချောင်းတွင် PDF စခန်းကို လမ်းပြသူ တင်လတ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေ ဆုံးခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် ည ၇ နာရီခွဲခန့်က ရွှေဘိုမြို့နယ်အတွင်းမီးပတ်ရှို့ပြီး ပြန်လည်ရောက် ရှိလာကာ နားခိုနေချိန် ၆၀ မမ လက်နက်ကြီး အလုံးရေ ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ၂ ချက်၊ စက်သေနတ်များအပါ အဝင်လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ ၊ ဂဠုန်နက် PDF ၊ မြောက်ပျံလွှား LPDF နှင့် နဂါးနီကျားမင်း LPDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် PDF တပ် ဖွဲ့ဝင်များ၊ စခန်းများ၏ သတင်းကို စုံစမ်းပြီး အကြမ်းဖက်စစ်ကောင်စီ သတင်းပေး လမ်းပြ လုပ်နေသူ တင်လတ်ဆိုသူကို ဖမ်းဆီး စစ်ဆေး ကာ အတည်ပြုချက်ရယူပြီးနောက် ရှင်းလင်းခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တင်လတ်အပါအဝင် အကြမ်းဖက်စစ်သားအများအပြားသည် ဥတ္တူရွာအနီးဖြတ်သန်းသွားလာ သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်အချို့ကို ဓာတ်ပုံနှင့်တကွ ရှာဖွေစစ်ဆေးရန် လုပ်ဆောင် နေကြောင်း သတင်းရရှိသဖြင့် အချိန်ပိုင်းအနည်းငယ် စောင့်ဆိုင်းခဲ့ရာ တင်လတ်မှာ ရာဘာတုံးဝယ်ရန် အကြောင်း ပြ၍ ဥတ္တူရွာထဲသို့ ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တည်နေကို စုံစမ်း ခြင်း၊ ရွာသားများကိုခြိမ်းခြောက်နေပြီး စုံစမ်းနေကြောင်း သတင်းပေးပို့လာသဖြင့် သွားရောက်ဖမ်းဆီး ပြီး စစ်ဆေးမေးမြန်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ရှင်းလင်းပြီးနောက် တင်လတ်နှင့်အဆက်အသွယ်ပြုလုပ်ထားသော စစ် တပ်အရာရှိများကို သိရှိရပြီး ၎င်းတို့မှာ စစ်တပ်အရာရှိ လှမြင့်စိုး၊ မင်းသူ၊ ဒုရဲအုပ် နန်းဝင်း၊ တပ်ကြပ်ခင်မောင်းဝင်း၊ ဦးစီးမှူးမျိုးတင့် တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ တင်လတ်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာလ ၁၇ ရက်နေ့က အကြမ်း ဖက် စစ်ကောင်စီတပ်သား၊ ပျူစောထီးများနှင့်အတူ ကင်းရှေ့ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဝင်ရောက်ရှာဖွေရာတွင် ပါဝင်ခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင်လည်း ဥတ္တူကျေးရွာသို့ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများနှင့်အတူ လိုက်ပါလာသည်ကို မျက်မြင် သက်သေနှင့်တကွ သိရှိရသည်ဟု ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article