28 C
Yangon

ရွှေဘို၊ ပေါက်ချိုင်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂၅ ဦးသေဆုံးပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

Must read

ရွှေဘို၊ ပေါက်ချိုင်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂၅ ဦးသေဆုံးပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို မီးရှို့နေသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂၅ ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အင်အား ၇၄ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်ချိုင်ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့နေစဥ် PDF တပ်ဖွဲ့များက တိုက်မိုင်း၊ ဆွဲမိုင်း အလုံး ၂၀ ကျော်၊ ၆၀ မမ လက်နက်ကြီးများ၊ တိုက်ခိုက်ရေး Drone များဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၅ သေဆုံးကာ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများကို ပေါက်ချိုင်ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များအတွင်းသို့ ထည့်ကာ မီးရှို့ အလောင်းဖျောက်ဖျက်သွားပြီး ဒဏ်ရာရ စစ်သား ၁၈ ဦးကို ထမ်းခေါ်ကာ ပေါက်ချိုင်ရွာအနီးရှိ တည်သီးတောပျူစောထီးရွာကို အင်အား ၄၉ ဦးဖြင့် ဝင်ရောက်သွားကြောင်း သိရှိရသည်။

” အဲ စစ်ခွေး စစ်ကြောင်းက ဖေဖော်ဝါရီ ၁၂ နဲ့ ၁၃ ရက်နေ့တွေမှာ စစ်ကြောင်း စထိုးတာ လမ်းမှာလဲ တောက်လျောက် ဖြတ်တိုက်တာတွေရှိတယ်။ ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ ပေါက်ချိုင်ရွာကို မီးရှို့နေတုန်း PDF တပ်ဖွဲ့တွေ စုပြီး ဝင်တိုက်တာ စစ်ခွေးတွေ အတော်ထိနာသွားပြီး ၂၅ ကောင်သေတယ်။ အလောင်းတွေကိုလည်း နေအိမ်တွေထဲထည့်ပြီး မီးရှို့ဖျောက်ဖျက်သွားတယ်။ အခု အဲကောင်တွေ တည်သီးတောပျူရွာထဲမှာ” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့က စတင်ကာ ကျောက်မြင့်၊ တင့်တယ်ရွာ၊ ငါးဆူကုန်း၊ မဲတော၊ ချီပါ၊ ပလိုင်း၊ ရေတော်မူ၊ ဝါးရုံကန်၊သန်းတော၊ ထူးကြီး၊ တည်ပင်ကျေးရွာများအား ရွာစဉ်လှည့်၍ မီးရှို့ဖျက်ဆီးနေ​ြ ခင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နှင့် ဗိုလ်ဂျပန်ကြီးt.t.t- Shwebo -LPDF ၊ C&T SHWEBO LPDF၊ဗိုလ်ကျားပျံ – ရွှေဘို (LPDF)၊တောင်သူကြီးများအဖွဲ့-LDF၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ SNAKE EYES PDF ၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီနောင်များ၊ ဝက်လတ်မဟာမိတ် ညီနောင်များ၊ ဒီပဲယင်း မဟာမိတ် ညီနောင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article