27 C
Yangon

ရွှေဘို၊ ပေါက်ချိုင်ရွာကို စစ်တပ်က ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၇ လုံးပြာကျ

Must read

ရွှေဘို၊ ပေါက်ချိုင်ရွာကို စစ်တပ်က ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၇ လုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို အကြမ်းဖက် စစ်တပ်က ၃ ကြိမ်​မြောက် စီးနင်း မီးရှို့ခဲ့ပြီး နေအိမ် ၅၇ လုံး ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို အကြမ်းဖက် စစ်တပ်က ၃ ကြိမ်မြောက် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၅၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူများ ပြန်လည် ဆောက်လုပ်ထားသည့် နေအိမ်များလည်း ထပ်မံ မီးရှို့ခံရသဖြင့် ပြာကျခဲ့ကြောင်း သိရသည်။

“အိမ်ခြေ ၅၇ လုံးလောင်သွားပါတယ်။ စစ်ခွေးတွေက ၃ ကြိမ်မြောက် ဝင်ရှို့တာ အရင် စစ်ကြောင်း ဝင်တုန်းက ရှို့ခံရလို့ အသစ်ပြန်ဆောက်ထားတဲ့ အိမ်တော်တော်များလည်း ပါသွားပါတယ်။ ရွာက ပြည်သူတွေအနေနဲ့က ပျူစောထီးတွေ တပ်ချထားတဲ့ ရွာတွေနဲ့ကလည်း ကပ်နေတော့ တောင် သူလည်း လုပ်မစားကြရတာ ၂ ရာသီရှိပြီ စစ်ကြောင်းက ခဏခဏ မီးဝင်ရှို့ခံရနဲ့ ပြည်သူတွေ အတွက် ကူညီမှုတွေလည်း လိုအပ်နေပါတယ်။ အိမ်ခြေ ၂၀၀ ကျော်လေးပဲရှိတဲ့ ရွာလေးပါ။ မီးရှို့ ခံရတာ ၃ ကြိမ်ရှိပြီဆိုတော့ အိမ်လည်း သိပ်မရှိတော့ပါဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

ပေါက်ချိုင်ရွာကို စစ်တပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပထမအကြိမ် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး ခံထားရသော ကျေးရွာ ဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article