36 C
Yangon

လက်ပံတန်းတွင် လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်သည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ

Must read

လက်ပံတန်းတွင် လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်သည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရွှေကြို့ပင် ကျေးရွာမှ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်သည့် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် လက်ပံတန်းမြို့နယ် ပျူစောထီး ခေါင်းဆောင် ကြီးမြင့် (ခ) ကတုံးသည် ရွှေကြို့ပင်ရွာ အနီး လယ်ကွင်းပြင်၌ လောင်းကစားဝိုင်းများ ဦး‌ဆောင်ပြုလုပ်နေစဉ် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒေါင်းလေးတပ်ဖွဲ့) နှင့် သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ (အဖွဲ့-၄) တို့ ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အထူးစိုးရိမ်ရလူနာအဖြစ် ပို့ဆောင်ထားရကြောင်း သိရသည်။

ပျူစောထီး ခေါင်းဆောင် ကြီးမြင့် (ခ) ကတုံး သည် ပျူစောထီးအဖွဲ့ဝင် ၅၇ ဦး၏ ခေါင်းဆောင်ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်‌ရေး သပိတ်‌တိုက်ပွဲ ကာလအတွင်း ပြည်သူများကို မှတ်တမ်းယူ၍ စစ်ကောင်စီထံ ပေးပို့ကာ ဖမ်းဆီးရန် စေခိုင်း ခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် လက်ပံတန်းမြို့နယ် အနှံ့ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ အာဝါဒေးဝိုင်း၊ လောင်ကစားဝိုင်းမျိုးစုံကို ဦးဆောင်ကျင်းပ‌လျက်ရှိပြီး လောင်းကစားဝိုင်း တစ်ပွဲလျှင် ၁၀ သိန်းကျပ် ကောက်ယူပြီး စစ်ကောင်စီထံ ဆက်ကြေး ပေးသွင်းနေသူ ဖြစ်ကြောင်း သိရသည်။

” အဲဒီ ပျူစောထီး ခေါင်းဆောင်ကို ပစ်ခတ်ပြီးတဲ့နောက် လောင်းကစားဝိုင်းထဲမှာ ဆော့ကစားနေတဲ့ ပျူစောထီးတွေက ရဲဘော်တွေကို ဝိုင်းဝန်းလုံးထွေးဖမ်းဆီးခဲ့တယ်။ ရဲဘော်တွေကတော့ ဘေးကင်းရာကို ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ် ၂ လက်ကတော့ ဆုံးရှုံးခဲ့တယ်” ဟု သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- လက်ပံတန်းမြို့နယ် ပျူစောထီး ခေါင်းဆောင် ကြီးမြင့် (ခ) ကတုံး ဦးစီးကျင်းပသည့် လောင်းကစား၀ိုင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article