27 C
Yangon

လူငယ်နှင့်ကျောင်းသားများ ဦးဆောင်သော PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်က အပတ်စဉ် ၄ စစ်သင်တန်းအတွက် ရဲဘော်အသစ်များ ဖိတ်ခေါ်

Must read

လူငယ်နှင့်ကျောင်းသားများ ဦးဆောင်သော PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်က အပတ်စဉ် ၄ စစ်သင်တန်းအတွက် ရဲဘော်အသစ်များ ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်တွင် အခြေပြု ဖွဲ့စည်းထားပြီး မြန်မာကျောင်းသားလူငယ်များ ဦးဆောင်နေသော PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်က အပတ်စဉ် ၄ စစ်သင်တန်းအတွက် စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်လိုသော လူငယ်သင်တန်း သားရဲဘော်သစ်များကို ဖိတ်ခေါ်လိုက်သည်။

စစ်အာဏသိမ်းမှု ဖြစ်ပွားပြီးနောက် PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်ကို ဧရာ၀တီတိုင်း၊ ပဲခူတိုင်း၊ ဟိုင်းကြီးကျွန်းစသည့် နေရာအနှံ့အပြားမှ လူငယ်များ၊ ကျောင်းသားများ က ရခိုင်ပြည်နယ်သို့ ရောက်ရှိ စစ်ပညာသင်ယူပြီးနောက် ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗဟိုကော်မ တီကို ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်နှင့် ကရင်နီပြည် နယ်ထဲတွင် စစ်ဒေသ ၂ ခု ခွဲ၍ အကြမ်းဖက် စစ်အာဏာရှင် စစ်တပ်ကို တော်လှန် တိုက် ခိုက်နေကြောင်း သိရှိရသည်။

“အခုကျနော်တို့ စစ်သင်တန်း အပတ်စဉ် ၄ အတွက် စခေါ်နေပါပြီ။ လက်ရှိမှာ တပ်တော်သို့ ဝင်ရောက်လာမယ့် ရဲဘော်အသစ်တွေကို အခြေခံ စစ်သင်တန်းကို မိမိတို့ အစီအစဉ်ဖြင့် သင်ကြားပေးနိုင်မယ့် အနေအထားရှိနေပြီဖြစ်ပါတယ်” ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်၏ တာဝန်ခံ မိုးနေလက ပြော သည်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရန် စစ်သင်တန်းတက်ရောက်လိုသော လူငယ်ရဲဘော်များအနေဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/peopleindependencearmy/?ref=page_internal မှလည်းကောင်း၊ တယ်လီဂရမ် +447310209899 ၊ Signal +447310209899 မှလည်း ကောင်း ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article