30 C
Yangon

လောင်းရှည်မြို့ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့၊ ရဲစခန်းများ အပါအဝင် စစ်တပ် နေရာများကို တစ်ပြိုင် နက်တည်း တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦးကျဆုံး

Must read

လောင်းရှည်မြို့ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့၊ ရဲစခန်းများ အပါအဝင် စစ်တပ် နေရာများကို တစ်ပြိုင် နက်တည်း တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိအကြမ်းဖက်စစ်တပ်စခန်းနေရာများကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး ခဲ့ကြောင်း လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၂၀ အချိန် လောင်းရှည်ဒေသရှိ ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့ ဗဟိုကင်းရုံး၊ ခရိုင်းဆက်လမ်းစစ်ဆေးရေးဂိတ်၊ ကပစ ၂၅ ညောင်ချောင်းကင်းစခန်း၊ လောင်းရှည်ရဲစခန်းကုန်း၊ လောင်းရှည်မီးသတ်ကုန်း၊ လောင်းရှည်စက်တော်ရာကုန်းနှင့်လောင်းရှည်ယွန်းကျောင်းအောက်တို့ တွင် အခိုင်အမာတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း စစ်သား ၈ ဦး၊ ရဲ ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ရဲဘော် ၁ ဦးကျဆုံးပြီး ၅ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ် ခတ်မှုကြောင့် လောင်းရှည်မြို့နေ ပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ်(၆) တပ်ရင်း၊ ဂန့်ဂေါခရိုင်အမှတ် တပ်ရင်း ၃ တပ်ခွဲ ၅ ၊ မကွေး ခရိုင်အမှတ် – ၁ တပ်ရင်း၊ စလင်းတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနှစ်ဖက် အပြင်းအထန်တိုက်ပွဲဖြစ်ကာ ၃ နာရီ မိနစ် ၄၀ အထိကြာမြင့်ခဲ့ပြီး နံနက် ၅ နာရီခန့်အချိန် တိုက်ပွဲပြီးဆုံးခဲ့ ကြောင်း သိရသည်။

မကွေးခရိုင်အမှတ် ၁ တပ်ရင်းကမူ အဆိုပါ စစ်ဆင်ရေးကို PDF ပူးပေါင်းတပ်များ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ အောင်မြင်မှုများရှိ ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- လောင်းရှည်PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article