28 C
Yangon

လောင်းလုံးနှင့် မြင်းခြံတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

လောင်းလုံးနှင့် မြင်းခြံတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို LLPDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀မိနစ်တွင် လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ဝင်းထွန်းကို LLPDF တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်စဥ် ထွက်ပြေး သွားသောကြောင့် လိုက်လံပစ်ခတ်စဥ် ကျေးရွာဘုန်းကြီး ကျောင်းအနီး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပျူစောထီး အဖွဲ့ဝင်များ ရရှိရေး လိုက်လံ စည်းရုံးနေသည့် အောင်မိုးနှင့် ယဥ်ယဥ်သန်းတို့ လင်မယားကို ဇလွတ်ကျေးရွာအတွင်း LLPDF တပ်ဖွဲ့များက သွားရောက် ဖမ်းဆီးစဥ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော ပျူစောထီး ဝင်းထွန်းနှင့် ထွက်ပြေး လွတ်မြောက်သွားသော ပျူစောထီး လင်မယား ၂ ဦးထံမှ ရွှေလက်စွပ် ၈ ခု၊ နားကပ် ၁၀ ခု၊ လက်ကောက် ၂ ခု၊ ရွှေဆွဲကြိုး ၃ ခု၊ လက်ကိုင်ဖုန်း ၄ လုံး၊ Tablet ၁ လုံး၊ ငွေကျပ် ၄၅ သိန်း၊ ကား ၁ စီး တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်း ပျုစောထီးများသည် ညောပြင်နှင့် ဇလွတ် ကျေးရွာများတွင် ဓားမြမှု၊ လူသတ်မှု စသော ရာဇဝတ်မှုများ ကျူးလွန် နေသူများ ဖြစ်ကြောင်း၊ ပြည်သူများထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများနှင့် ဆိုင်ကယ်များကို ခွဲဝေယူကာ သောင်းကျန်း နေသူများဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ကျောက်နီမော်ရဲစခန်းနှင့် ပျူစောထီးမှ စစ်သားများ ရောက်ရှိလာသော​ကြောင့် အပြန်အလှန် ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်ရေးမှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်စက္က (MGPDF) အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်မှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ကို လူကြမ်းကြီးများအဖွဲ့နှင့် ဗိုလ်စက္က (MGPDF)တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခက်မှုဖြစ်ပွားကာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့​ကာ ပစ္စတို ၁ လက်နှင့် ကျည် ၂ ဘူး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article